"ငါ....."
"အင်း.... ငါ ဘာဖြစ်လဲ..."
"ငါ မင်းနဲ့ လက်ထပ်မယ်..."
"ဒီလိုပဲ ဖြစ်ရမယ်လေ.... မောင် က သိပ်လိမ္မာတာပဲ...
နောက်ဆို အဲ့လိုပဲ လိမ္မာနော်...."
ပြောပြောဆိုဆိုနှင့် မောင် ၏ ခေါင်းပေါ်သို့ လက်ကလေးတင်ကာ ခပ်ဖွဖွလေးပုတ်ပြီး အိမ်ထဲသို့ ဝင်သွားသည့် သူမ.....
မောင် က လက်ထပ်ပွဲကို လက်ခံလိုက်သော်လည်း မြချင်း စိတ်ထဲတွင် ဘဝင်တော့ မကျပေ။
အဘယ်ကြောင့်ဆိုသော် မောင် က မြချင်းကိုမှ မချစ်လေဘဲ....။
ဟို အုတ်ဂူထဲမှာ ပြာဖြစ်နေတဲ့ ဟာမကြောင့်သာ လက်ခံလိုက်တာလေ....
တွေ့ဦးမယ်.... အဲ့ အုတ်ဂူထဲက ပြာဖြစ်နေတဲ့ဟာမ.... မြချင်းစေတန် အကြောင်းကောင်းကောင်း သိဦးမယ်....
........
"အဲ့ဒါဆို ဘယ်တော့များ လက်ထပ်ပွဲကို လုပ်ဖို့ ရက်သတ်မှတ်ကြမလဲဗျ...."
လူငယ်ချင်းက လက်ခံလိုက်သည်ဆိုသောကြောင့် နှစ်ဖက်လူကြီးမိဘများက မင်္ဂလာကိစ္စများနှင့် ရက်သတ်မှတ်မှုများကို ပြုလုပ်နေကြသည်လေ။
"နောက်အပတ်အတွင်း မင်္ဂလာဆောင်မယ်.....
ဖြစ်နိုင်ရင် မနက်ဖြန်တောင် မင်္ဂလာဆောင်ချင်တယ်...."
နှေးတိနှေးတုံ့ဖြင့် စီစဉ်နေသည့် လူကြီးများ အားမရတော့၍ မြင်ချင်းစေတန်တို့ လူဆိုးကြီး ဝင်လုပ်ကာ ပြောရလေသည်။
ထိုသို့ပြောတော့ ဘေးနားမှ လူစီဖာခရစ် မှ....
"ဟဲ့... မမ နင်တော်တော်ဖြစ်နေတာလား.....
နည်းနည်းပါးပါး ဆန္ဒကို သိက္ခာနဲ့ ထိန်းဦး....
ဟိုဘက်က တစ်ယောက်ကိုလည်း ကြည့်ဦး.... မျက်နှာကြီးက မဲမှောင်လို့...."
ထိုသို့ပြောမှသာ မောင် ၏ မျက်နှာသို့ ကြည့်မိသော်.....
အို... တကယ်ကြီးကို မဲမှောင်နေတာပဲ.....
ဒါပေမယ့် မြချင်း ဂရုမစိုက်ပါ... ဆက်၍သာ လူယုတ်မာ လုပ်ရဦးမည်....။