အပိုင်း - ၁

61 4 0
                                    

ယနေ့သည်ကား နိုင်ငံ၏ အမတ်ချုပ် မွေးနေ့ဖြစ်၍ နိုင်ငံ ၏ ထိပ်သီးလူတန်းစားတွေမျိုးစုံကို ပွဲအတွင်း တွေ့နိုင်ပေမည်။

ခက်ဖူးသော်မောင် တစ်ယောက် ထိုကဲ့သို့ လူရှုပ်နေခြင်းကို မနှစ်သက်ပေ။

ထို့ကြောင့် လူအနည်းငယ်ရှင်းသည့် ခြံထဲမှ ရေပန်းနားတွင် ထိုင်နေမိသည်။

သို့သော် လူရှုပ်နေသည့် မြင်ကွင်းကိုတော့ ဆက်လက်မြင်နေရသေးပေသည်။

ထိုအချိန် အိမ်ထဲမှ ထွက်လာသည့် လူတစ်ယောက်ကြောင့် အားလုံး ၏ အာရုံများက ထိုလူထံတွင်သာ....

အနီရောင်တော်ဝင်ဝတ်စုံကို ဝတ်ထားခြင်းအားဖြင့် မောင် သိလိုက်ပါပြီ။

သူမက အမတ်ချုပ်ကြီး ၏ သမီးအကြီး မြချင်းစေတန် ဖြစ်ပေမည်။

ကြားထားသည့် သတင်းများ အရ သူမ ၏ အလှကို မောင် အသိအမှတ်ပြုမိသည်။

ရှည်လျား ၊ တောက်ပြောင်သည့် ဆံနွယ်များ ၊ ရဲရဲတောက်နီနေသည့် နှုတ်ခမ်း ၊ သေးသွယ်လှပသည့် ခန္ဓာကိုယ်...

အင်း.... ထိုအရာတွေကြောင့်ပဲ ပုရိသတွေကြား နာမည်ကြီးတာ မဆန်းပါဘူး။

ထိုအမျိုးသမီးက သိပ်ကို စိတ်ဝင်စားဖို့ကောင်းသော်လည်း မောင့် အကြိုက်တော့မဟုတ်ပေ။

ထို့ကြောင့် ထိုအမျိုးသမီး စီကို ရောက်နေသော အာရုံတို့အား သောက်နေသည့် Black Label ခွက်ထဲသို့သာ ပြန်လည် သက်ဝင်စေလိုက်သည်။

သို့သော် နားပါးသည့် မောင့် အဖို့တော့ နီးကပ်လာသည့် ခြေလှမ်းသံတို့အား သတိပြုမိ၍ မော့ကြည့်လိုက်မိချိန်....

ခုနက အမျိုးသမီး မြချင်းစေတန်....

......

မြချင်းစေတန် ဖခင် ၏ တစ်ချက်လွတ်အမိန့်ကြောင့် ပွဲထဲသို့ အာရုံမပါသော်လည်း ဆင်းလာခဲ့ရသည်လေ။

ပွဲခင်းထဲသို့ ဆင်းဆင်းချင်း လူတစ်ယောက် မြချင်း ၏ အာရုံတို့အား ဖမ်းစားသွားသည် လူတစ်ယောက်.....

ထိုသူကို အရင်က မမြင်ဖူးပေ။ ထို့ကြောင့် ဖခင် ဖြစ်သူနားသို့ ကပ်လိုက်ကာ....

"ဖေဖေ.... အဲ့ နားမှာ အနီရောင် suit အပြည့် ဝတ်ထားတဲ့လူက ဘယ်သူလဲ....

တခါမှ မတွေ့ဖူးပါလား...."

"ဪ... သူက နိုင်ငံရဲ့ ဗိုလ်မှူးချုပ် ရဲ့ သမီးလေ....

မတွေ့ဖူးတာကတော့ အရင်တုန်းက သူက နိုင်ငံရပ်ခြားမှာ ပညာသင်နေတာလေ...."

"ဒါဆို သူက မိန်းကလေးပေါ့....

ဒါပေမယ့် ဘာဖြစ်လို့ တော်ဝင်အမျိုးသမီး ဝတ်စုံကို မဝတ်ဆင်တာလဲ...."

"ဒါကတော့ သူ့တစ်ယောက်ထဲအတွက် ချွင်းချက်.....

ဗိုလ်မှူးချုပ်တို့ လင်မယားက ယောက်ျားလေးလိုချင်တာလေ ဒါပေမယ့် မိန်းကလေးမွေးလာလို့ ငယ်စဉ်ကတည်းက ယောက်ျားလေးတစ်ယောက်လို ပုံသွင်းထားတာလို့တော့ ကောလဟာလတွေ ရှိတယ်..."

"သူ့နာမည်က...."

"ခက်ဖူးသော်မောင် တဲ့လေ...."

"မြ သူ့ကို သွားဧည့်ခံလိုက်ဦးမယ်...."

သမီးဖြစ်သူ ၏ ထူးဆန်းသည့် အပြုအမူကြောင့် ဦးစဝ်ချင်းရန်နိုင် တစ်ယောက် ဘယ်အခြေအနေသို့ သွားမည်ဆိုတာကို ခန့်မှန်းမိနေလေပြီ။

အနီးကပ်လေ ပို၍ပင် တောက်ပလာသည့် ထိုလူ၏ ကိုယ်ရောင်ကိုယ်ဝါ....

မိန်းကလေးတစ်ယောက်ကို ချောသည်ဟု သုံးရာတွင် ထိုမိန်းကလေးက ယောက်ျားတစ်ယောက်လိုကို ခန့်ညားနေခြင်းကြောင့်ပင်။

မြင်မြင်ချင်း စိတ်ဝင်စားမိသည်ကို မြချင်း မည်သို့ ခေါင်းစဉ်တပ်ရမည်နည်း။

မြင်မြင်ချင်း ချစ်မိတာလား?

မဖြစ်နိုင်ပေ။ မြချင်းစေတန် ၏ ဘဝတွင် အချစ်ဆိုတာမရှိ....

ဒါဆိုဘာလဲ....?

မြချင်း မည်သည်မျှကို မစဉ်းစားချင်တော့ပေ။

ဒီတိုင်း မြချင်း ထိုလူကို ပိုင်ဆိုင်ချင်မိသည်။

မြချင်း ငယ်စဉ်ကတည်းက လိုချင်တာမှန်သမျှကို ရအောင် ယူတတ်သည်။

ထို့ကြောင့် မောင် က မြချင်း ၏ အပိုင်သာ ဖြစ်ရမည်။

တွေ့တွေ့ချင်းပင် ထိုလူ အတွက် မြချင်းစေတန် တွင် နာမည်စားတစ်ခု ရှိနေလေပြီ။

ထိုသည်က "မောင်" တဲ့လေ....



ဆက်ရန်ရှိသည်.......


..................


Lavender June💜 & Maria-yoon

မောင့် စေတန်Donde viven las historias. Descúbrelo ahora