အပိုင်း - ၁၆

34 3 0
                                    

နေ့လည်က မင်္ဂလာဆောင်မှာ တွေ့ခဲ့သည့် မသင်္ကာစရာကောင်းသည့် လူ ၏ ထွက်လမ်း ၊ ဝင်လမ်းများကို ရိုက်မိထားသော cctv များမှ ပြန်လည်စစ်ဆေးနေမိသည်။

အစတုန်းကတော့ dinner ပွဲ လုပ်မည်ဟု စီစဉ်ထားသော်လည်း လူများလျှင်မကြိုက်ဘဲ dinner ပွဲတွေကိုပါ မကြိုက်သည့် မောင် ကြောင့် dinner ပွဲကို မလုပ်ဖြစ်ပေ။

ထို့ကြောင့် မင်္ဂလာပွဲ ပြီးပြီးချင်း သူငယ်ချင်း လေးယောက်သား မင်္ဂလာဆောင်ခန်းမတွင် မြင်တွေ့ခဲ့သည့် ထိုလူ ၏ အကြောင်းကို စတင်လိုက်လံစုံစမ်းတော့သည်။

တပေါင်း ယူလာပေးသည့် cctv မှတ်တမ်းများကို မောင် တစ်ယောက် ထိုင်စစ်ပြီး ထပ်ခါ ထပ်ခါ ပြန်ကြည့်နေသည်က အချိန်တောင် အတော်ကြာနေ၍ ညတောင် ရောက်လာလေသည်။

ယခုချိန်တွင်တော့ ခေါင်းထဲတွင် မင်္ဂလာဦးညတွေ ဘာတွေ ရှိမနေတော့ဘဲ ထိုလူ က မောင် ထင်နေသည့် လူ မဟုတ်စေရန်သာ ထိုင်ဆုတောင်းနေမိသည်။

သို့သော် မောင့် ဆုတောင်းတို့က မပြည့်တော့ပေ။ cctv တွင် ခဏတာ မြင်လိုက်ရသည့် ထိုလူ ၏ မျက်နှာကို ကြည့်ခြင်းဖြင့် ကျိန်းသေပါသည်။ ထိုလူက မောင် ထင်နေတဲ့သူဆိုတာ.....

ယခုမူ သက်ပြင်းချရုံသာ တတ်နိုင်သည်။

စဉ်းစားစရာက ထိုလူက ဘယ်လိုလုပ် ထောင်ထဲကနေ ထွက်လာသနည်း....?

ထင်ရုံပဲရှိသေး ဝင်လာသည့် mail ကို ဖွင့်ကြည့်လိုက်ရာ ပိုလို့တောင် သေချာသွားသည်။

စွမ်းဒါးဂုဏ်ရှိန် ပို့လာသည့် mail ထဲတွင် စုံစမ်းခဲ့လို့ ရသမျှပါလေသည်။ တကယ်ကို ထိုလူပင်....။

ထိုလူကို မိတ်ဆက်ပေးရရင်တော့ သူ့နာမည်က ရဲရင့်သွေးညီ.....

တစ်နည်းအားဖြင့် ခက်ဖူးသော်မောင် ၏ ရန်သူတော်ကြီး....

တကယ်တော့ ရဲရင့်သွေးညီ ဆိုသည်က ခက်ဖူးသော်မောင် ၏ ပါတနာပင်။ အမြဲအလိုလို တာဝန်ပေးခဲ့ရလျှင်လည်း အတူတူထမ်းဆောင်ပြီး လက်တွဲညီစွာဖြင့် အတူတူတိုက်ပွဲဝင်ခဲ့သည့် တိုက်ပွဲများသည်လည်း မနည်းမနောပေ။

မောင့် စေတန်Where stories live. Discover now