အပိုင်း - ၁၁

38 3 0
                                    

"မောင် ဆင်းလေ ကွန်ဒိုကိုရောက်ပြီ...."

မဆင်းဘဲ ဆက်လက်ထိုင်နေသည့် မောင် ကြောင့်....

"ဘာလဲ ငါချီခေါ်သွားရမှာလား..."

"ဟမ်...မ..."

စကားတောင်မဆုံးသေး မိမိ အားချီခေါ်သွားသည့် မောင့် ဘဝ ၏ လက်တွဲဖော်သူမ....

"အား.... ပြန်ချပေးလို့....

သူများ အမြင်မှာ မြင်မကောင်းပါဘူးကွာ...."

"သူများအမြင်ကို သောက်ဂရုကိုမစိုက်တာ....

ဒါပေမယ့် ငါ့အမြင်မှာတော့ မောင့် ဟာလေးနှစ်ခုက ထင်းထွက်လို့...."

ဟုတ်ပေသည်။ မြချင်းစေတန် က ခက်ဖူးသော်မောင် အား ပုခုံးပေါ်တွင် ထမ်းတင်သွား၍ မောင် ၏ အနောက်ရပ်ဝန်းလေးက သူမ ၏ မျက်စိရှေ့တည်တည့်တွင်....

ပြောရင်းဆိုရင်းဖြင့် ရုတ်တရက် မိမိ ၏ ပိုင်ဆိုင်ရာ မက်မွန်သီးလေးအား ညှစ်လိုက်သည့် သူမ ကြောင့် အညှစ်ခံရသည့် မိမိမှာ အင့်ကနဲပင်။

"အင့်..."

"ကြည့်... ဒါလေးညှစ်တာကိုတောင် မခံနိုင်ရင် နောက်ပိုင်းဟာတွေကို မောင် ခံနိုင်ပါ့မလား...."

"အား.... ချပေးတော့ဆို...."

"မောင် က သိပ်လောတာပဲ... အခန်းထဲကိုတောင် မရောက်သေးဘူး....

စိတ်မပူပါနဲ့ အခန်းထဲက ကုတင်ပေါ်ရောက်ရင် မောင့်ကို ချပေးမှာ...

ဟက်.... အဲ့ကြမှ တော်ပါတော့ဆိုပြီး ပြောလို့မရဘူးနော်...."

"အား.... မြချင်းစေတန်.... မင်း အရှက်မရှိဘူးလား...."

ဘုန်း.... ဘုန်း....

မောင် တစ်ယောက် လက်လှမ်းမှီရာ မြချင်း ၏ ကျောကိုသာ တဘုန်းဘုန်းဖြင့် ထုရိုက်နေမိလေသည်။

လူကြားလို့လည်းမကောင်း ၊ လူမြင်လို့လည်းမကောင်းပေ။ ဘယ်နှယ့် ဒုဗိုလ်မှူးချုပ် ကို ကောင်မလေးတစ်ယောက် ပုခုံးမှထမ်းခေါ်သွားသည်က....

တော်ကြာ.... မီဒီယာတွေထဲပါလာရင်ဖြင့်....

အို.... ရှက်စရာပင်။

မောင့် စေတန်Kde žijí příběhy. Začni objevovat