"အား.... ခေါင်းကိုက်လိုက်တာ....
ငါဘယ်ရောက်နေတာလဲဟ...."
မနေ့က အိမ်ပြန်ဖို့အတွက် ဆိုင်ကယ်ကို သော့ဖွင့်နေချိန် အနောက်ကနေ တစ်ယောက်ယောက် လာချုပ်ပြီး တစ်ခုခုနဲ့ အုပ်သော်လည်း ပြန်ရုန်းရာမှာ အရာမထင်ဘဲ အမှောင်ကျသွားသည့် မျက်ဝန်းတို့က အခုမှ ခေါင်းကိုက်စွာဖြင့် ပြန်လည်ပွင့်လာတော့သည်။
မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က မရင်းနှီးသည့် မျက်နှာကျက်နှင့် မရင်းနှီးသည့် နေရာ....
သေချာသည်က ဒီနေရာက မင်းစေတမာ ၏ အခန်းမဟုတ်ပေ။
ထို့နောက် ထမည်အလုပ် မိမိ အားတစ်စုံတစ်ခု ဖိထားဟန် ခံစားလိုက်၍ ဘေးနားသို့ လှည့်ကြည့်သော်.....
"အား.... ဟျောင့်.... မင်း... မင်းဘယ်လိုလုပ် ငါ့ဘေးနားရောက်နေတာလဲ...."
ဟုတ်ပါသည်။ ခက်ဖူးသော်မောင် ၏ မတ်ကလေး လူစီဖာခရစ် ပင်ဖြစ်ပါသည်။
"အကိုကလည်းဗျာ..... ညက ပင်ပန်းထားတာကို အိပ်တာမဟုတ်ဘူး.....
အစောကြီးရှိသေးတယ်...."
သူကတော့ အံ့ဩနေပုံမပေါက်။ မိမိ တစ်ယောက်ထဲသာလျှင် ကမ္ဘာပျက်နေသလိုပင်။
ထိုကောင့်ကို တွန်းဖယ်ပြီး ထထိုင်မည်အလုပ်.....
"အာ့..."
မင်းစေတမာ ၏ ညည်းညူသံလေးကို ကြားမှသာ အထိပ်ထိပ် အပြာပြာ ကုန်းထလာသည့် လူစီဖာ.....
"ဘာလို့ ထထိုင်လိုက်တာလ အကိုရာ....
အရမ်းနာသွားလား....
ဟဲဟဲ..... ကျွန်တော်လည်း မနေ့ညက အတော်ကြမ်းသွားတာ နေရောင်မြင်တော့မှပဲ မိုးလင်းမှန်းသိတာ....
ဒါတောင် အောက်က အကောင်က ပြီးချင်သေးတာမဟုတ်ဘူး....
အကို့ကို သနားလို့ ကျွန်တော့်မှ လက်သမားလုပ်လိုက်ရတယ်...."
ထိုကောင်လေး ပြောသွားသည်များကို မင်းစေတမာ နားလည်မှုတို့ ကုန်ဆုံးနေပြီ။
သို့သော် မိမိ ၏ နာနေသည့် အောက်ပိုင်းတစ်နေရာသို့ စောင်လှန်ကြည့်သောအခါ.....