အပိုင်း - ၂၄ (ဇာတ်သိမ်းပိုင်း)

55 4 0
                                    

"အခုက နင် ငါ့ကို မကျေနပ်လို့မလား.....

မြချင်း နဲ့မဆိုင်ဘူး.... သူ့ကို လွှတ်လိုက် ရဲရင့်....."

"အင်း... ဟုတ်တယ်....

တကယ်တော့ ဒီကိစ္စမှာ မြချင်းစေတန် နဲ့ မဆိုင်ဘူး....

အေး..... ဒါပေမယ့် နင်နဲ့ ပတ်သက်လို့ကို သူမ က ဒီကိစ္စတွေနဲ့ ဆိုင်သွားတာ...."

ပြောပြီးသည်နှင့် မြချင်း အား ချိန်ထားသော သေနတ်ကို မောင်းတင်လိုက်သည်.....

မောင် လည်း ခေါင်းနပန်းတွေကြီးသွားကာ.....

"နွယ် သေသွားတာကို မကျေနပ်လို့ နင်ငါ့ကို သတ်ချင်ရင် သတ်လိုက် ငါအသေခံမယ်...."

"အစတုန်းကလည်း ငါက နင့်ကို သတ်မလို့ပါပဲ.... ဒါပေမယ့် နင်သိလား....

နင့်ကို သတ်လိုက်တာက သိပ်ကို သက်ညှာလွန်းရာ ကျသွားမှာစိုးလို့ နင့် နှလုံးသားလေးကို သတ်လိုက်ရင် နင့်ဘဝလည်း ရှင်လျက်နဲ့ သေသွားမှာပေါ့....."

ခပ်ပြုံးပြုံးနှင့် ပြောလာသည့် ရဲရင့် က တကယ်ပင် မျက်လုံးထဲ သတ်ဖို့ကလွဲပြီး ဂရုမစိုက်တော့သည့် ပုံပင်။

"ကြာတယ်ကွာ.... ‌ေ*ာက်စကားတွေ မများချင်တော့ဘူး..."

ပြောပြီးသည်နှင့် မောင်းတင်ထားသော သေနတ်အား လက်ညိုးကွေးလိုက်သည့် ရဲရင့်သွေးညီ....

တပြိုင်နက်တည်း မောင့် လက်ထဲမှ သေနတ်၏ ကျည်ဆန်သည်လည်း ရဲရင့်သွေးညီ ၏ နှဖူးတည့်တည့်သို့....

မိမိ နဖူးအပေါ် ကျရောက်လာသည့် ကျည်ဆန်အား ပျော်ပျော်ကြီး လက်ခံကာ ကြာရိုးနွယ် အနောက်သို့ လိုက်သွားလေသော ရဲရင့်သွေးညီ....

ရဲရင့် ၏ ကျည်ဆန်ကြောင့် သတိလွတ်ခါနီးဖြစ်နေသော မြချင်း ၏ ခန္ဓာကိုယ်အား သွားရောက်ပွေ့ပိုက်လိုက်ကာ.....

"မြချင်း ခဏနော်.... ဟိုကောင်တွေလာနေပြီ မျက်လုံးမှိတ်မသွားနဲ့နော်...."

နောက်ပြန်ကြိုးတုတ်ထားသောကြောင့် ထိုကြိုးအားဖြည်လိုက်ပြီး မြချင်း ၏ ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲသို့ တယုတယထွေးပိုက်ထားတာ.....

မောင့် စေတန်Where stories live. Discover now