အပိုင်း - ၅

41 3 0
                                    

ဒေါက်.... ဒေါက်....

"ဝင်လာခဲ့...."

ထိုမှသာ ပွင့်လာသည့် တံခါးနှင့်အတူ ဝင်ရောက်လာသော ဗလခပ်တောင့်တောင့် အမျိုးသားတစ်ဦး....

"သခင်မလေး.... စုံစမ်းခိုင်းထားတဲ့ အကြောင်းတွေပါ....

နိုင်ငံအကြီးအကဲ တစ်ဦးဆိုတော့ လိုက်ရတာ နည်းနည်းတော့ ခက်ပါတယ်.....

ဒါပေမယ့် ရသလောက်ကို စုံစမ်းခဲ့ပါတယ်...."

"အင်း... တာဝန်ကျေတယ်...."

ထိုသို့ပြောပြီး မြချင်း ထိုလူ လက်ထဲမှ ဖိုင်တွဲတစ်ခုကို ယူလိုက်ပြီး အံဆွဲထဲမှ တစ်သောင်းတန် သုံးအုပ်ကို ယူလိုက်ကာ ထိုလူလက်ထဲသို့ ထည့်ပေးလိုက်သည်။

ထိုမှသာ ထွက်သွားသည့် ထိုလူ.....

မြချင်း တွင် လက်သက်မွေးထားသည့် ကြေးစားများ ၊ လူဆိုး ၊ လူမိုက်များစွာ ရှိလေသည်။

ထို့ကြောင့် တစ်ခုခုဆိုလျှင် သူတို့ကို ခိုင်းလိုက်ရုံပင်။

မြချင်း တစ်ခုခု လုပ်လျှင်လည်း မြချင်း ကိုယ်စား ဝန်ခံပေးမဲ့ သူတွေကြီးပါပဲ။

လက်ထဲရှိ ဖိုင်တွဲလေးကို စိတ်လှုပ်ရှားစွာ ဖွင့်နေမိသည်။ ထိုကဲ့သို့ စိတ်လှုပ်ရှားခြင်းက မြချင်း အတွက် ပထမဆုံးပင်။

မောင့် ကြောင့်နဲ့ မြချင်းစေတန်က မြချင်းစေတန် မဟုတ်တော့သလိုကို ခံစားလာမိသည်။

ဖွင့်ဖွင့်ချင်း တွေ့လိုက်သည်က မောင့် ကိုယ်ရေးအချက်အလက်များနှင့် မောင် ၏ ဆွဲဆောင်မှု အပြည့်ဖြင့် ဓာတ်ပုံလေး.....

ဓာတ်ပုံထဲတွင် မောင် က ဆေးလိပ်လေးကို ဖွာနေပြီး အငွေ့များကို ထုတ်လွှတ်နေပုံ....

အငွေ့များကြားထဲက မောင့် မျက်ဝန်းညိုလေးက မြချင်း ၏ နှလုံးသားကို လှုပ်ခတ်ဖို့အတွက် လုံလောသည့် ငလျင်လှိုင်းလေးတစ်ခုပင်။

"အမည် - ခက်ဖူးသော်မောင် (ဒုဗိုလ်မှူးချုပ်)

ဖခင် အမည် - ဦးခက်စေနိုင်အောင် (ဗိုလ်မှူးချုပ်)

မိခင် အမည် - ဒေါ်ဖူးသဒ္ဒါနွေ (ပညာရေးဝန်ကြီး)

မွေးချင်း - မရှိ

မောင့် စေတန်Where stories live. Discover now