အပိုင်း - ၂၁

32 3 0
                                    

"ရဲ ရင့် သွေး ညီ...."

အခြေအနေအား လန့်သွားသော်လည်း မောင့် အသံကတော့ တုန်လှုပ်ခြင်းမျိုးမရှိပေ။

"မတွေ့တာကြာပြီနော် ခက်ဖူးသော်မောင်.....

ဪ..... မှားလို့....

မတွေ့တာကြာပြီနော် ဒု ဗိုလ် မှူး ချုပ်...."

ဒုဗိုလ်မှူးချုပ် ဆိုသည့် နေရာတွင် အသံကို တမင်ဖိကာ ခေါ်လိုက်သည့် ရဲရင့်....

မောင် အတတ်နိုင်ဆုံး ပြုံးပြလိုက်ကာ....

"အင်း.... မတွေ့တာကြာပြီ...."

မိမိကို မြင်သော်လည်း တုန်လှုပ်ခြင်း အနည်းငယ်တောင် မဖော်ပြသည့် ခက်ဖူးသော်‌မောင် ကြောင့် ရဲရင့် စိတ်ထဲ အလိုတော့မကျပေ။

"ဒီနေ့ သဲကွင်းလေ့ကျင့်ရေးကို ငါကြီးကြပ်နေတာ.....

ဝင်ပစ်သွားပါဦးလား.... ပျော်ဖို့ကောင်းတယ်...."

"ကြီးကြပ်တာ?"

"ဪ.... ဟုတ်သား.... နင်မသိသေးဘူးပဲ....

ငါထောင်က လွတ်လာပြီး လေ့ကျင့်ရေးကွင်းတွေကို ကြီးကြပ်သူ ဖြစ်နေတာလေ....

ဘယ်လိုလဲ.... နင့်လောက်တော့ ရာထူး မမြင့်ပေမယ့် ငါ့လို လူအတွက်ကတော့ အနေအစားချောင်ပါတယ်လေ...."

ခပ်ထေ့ထေ့အပြုံးတစ်ခုအား ပန်ဆင်လျက် စကားပြောနေသည့် ရဲရင့် ၏ မျက်ဝန်းများတွင်တော့ နာကျင်မှု အရိပ်အယောင်တို့အား မောင် မြင်လိုက်လေသည်။

"နွယ့် ကိစ္စကို ငါသိပြီးပြီ...."

အဝေးတစ်နေရာသို့ ငေးကြည့်ကာ သက်ပြင်းချလာရင်းပြောသည့် ရဲရင့်.....

"ငါတောင်းပန်ပါတယ်.... ငါ နွယ့်ကို သေချာ ဂရုမစိုက်ပေးနိုင်ခဲ့ဘူး....."

"ဟက်.... ဟား....ဟား...."

နာကျင်စွာနဲ့ ခြောက်ကပ်စွာဖြင့် ထွက်ပေါ်လာသော ရဲရင့် ၏ နာကျည်းမှုရယ်သံ.....

"ကိုယ့်အမှားကိုယ်တော့ သိသေးသားပဲ....

ဒါပေမယ့် စိတ်မပူပါနဲ့ အခု ငါပြန်လာတာက အကြွေးကို ပြန်ယူဖို့လာတာ...."

မောင့် စေတန်Onde histórias criam vida. Descubra agora