အပိုင်း - ၈

41 3 0
                                    

ဒီနေ့မနက်တော့ ငရဲခန်း ၉၉ ရက်အတွက် ကိုယ်တိုင် ဂျူနီယာကလေးတွေကို လေ့ကျင့်ပေးမည်ဆိုပြီး အစောကြီးနိုးနေကာ အားလုံးပြင်ဆင်နေလေသော ခက်ဖူးသော်မောင်.....

အားလုံးပြင်ဆင်ပြီးသွားတော့ အောက်ထပ်သို့ ဆင်းပြီး ထမင်းသွားစားဖို့လုပ်လေသည်။

ထိုသည်က မောင် ၏ နေ့တစ်နေ့တာ အစချီပုံပင်။

စစ်ဝတ်စုံကိုမှ ကြယ်ပွင့်များနှင့် မောင် က ဒုဗိုလ်မှူးချုပ် ပီပီ သိပ်ကို ခန့်ညား ကြည့်ကောင်းနေပေသည်။

အောက်ထပ်သို့ ဆင်းသွားသည့် ခြေလှမ်းတို့က လှေကားထစ် ၏ တစ်နေရာအရောက်တွင် ရပ်တန့်သွားကာ နားမလည်နိုင်တော့သည့် အကြည့်များအဖြစ်သို့ ပြောင်းလဲသွားရလေသည်။

အကြောင်းသည်ကား မိမိ အိမ် ၏ အောက်ထပ်တွင် ပြည့်နေသော လူအုပ်ကြီးနှင့် ပိုက်ဆံအထပ်လိုက်များ....

ထို့အပြင် ဧည့်ခန်းကနေ ထိုင်ကာ မိမိအား ပြုံး၍ ကြည့်လာသော မြချင်းစေတန်....

ဟုတ်ပေသည်။ မြချင်းစေတန် မှ မြချင်းစေတန် အစစ်ပင်။

မိမိမှာ ပြောစရာ ပျောက်ဆုံးနေလောက်အောင်ကို အခြေအနေအား အကဲခတ်နိုင်စွမ်းက ဂိတ်ဆုံးသို့ရောက်နေလေသည်။

.......

ဒီနေ့ အချစ်လေး မောင့် ကို သွားရောက်တောင်းရမ်းရမည်ဖြစ်၍ မြချင်း တစ်ယောက် စိတ်လှုပ်ရှားနေကာ မနေ့က တစ်ညလုံးတောင် အိပ်၍ မပျော်ပေ။

မောင့် အိမ်သို့ ရောက်ချိန်တွင်လည်း မောင့် မိဘများ တစ်နည်းအားဖြင့် မြချင်း ၏ ယောက္ခမများက အလုံးစုံကို သဘောမပေါက်သေးသော်လည်း အိမ်ထဲသို့ ဝင်ရန် ဧည့်ခံလေသည်။

နောက်တော့ မြချင်း ၏ မိဘများ နှင့် မောင် ၏ မိဘများက မင်္ဂလာကိစ္စအတွက် ဆွေးနွေးကြရာ မိမိက အမတ်ချုပ် ၏ သမီးဖြစ်နေ၍ ငြင်းပယ်ခြင်းမျိုး မရှိဘဲနဲ့ မောင် ၏ လက်ခံမှု ရှိမှသာ တောင်းရမ်းခြင်းကို လက်ခံမည်ဟုသာ စကားပလ္လင်ခံလေသည်။

ထိုအချိန် တိုက်ဆိုင်စွာဖြင့် အပေါ်ထပ်မှ ဆင်းလာသည့် မောင်.....

မောင့် စေတန်Dove le storie prendono vita. Scoprilo ora