ဘာလိုလိုနဲ့ မင်္ဂလာပွဲနေ့အား ရောက်လို့လာခဲ့လေသည်။
လာဗန်ဒါအရောင်ကို ကြိုက်သည့် မောင့် အတွင် မင်္ဂလာပွဲတစ်ခုလုံးကို လာဗန်ဒါအရောင် နဲ့ ပြင်ဆင်ထားပြီး လာဗန်ဒါပန်းတိုသည်လည်း နေရာယူထားသည်မှာ အပြည့်ပင်။
မင်္ဂလာအတွဲ နှစ်တွဲတို့က အသီးသီး နေရာယူပြီး ခန်းမအတွင်း လျှောက်လှမ်းလာကြသည်။
ပြုံးပန်းကိုယ်စီ ပန်ဆင်ထားကြလေသည်က မြင်သူတိုင်းအတွက် အားကျဖွယ်ပင်။
အမတ်ချုပ်ကြီး ၏ သား နဲ့ သမီး က ဒုဗိုလ်မှူးချုပ် နှင့် နာမည်ကြီးစီးပွားရေးပညာရှင်တို့နဲ့ လက်ထပ်လိုက်သည့် သတင်းက နိုင်ငံအတွင်းတင်မက နိုင်ငံရပ်ခြားအထိ ပါ နာမည်ကြီးသွားလေသည်။
ယခုသည်ကား မောင် နှင့် မြချင်း တို့ အပြန်အလှ လက်စွပ် အား စွပ်ပေးနေချိန်....
"မောင်.... ကျေးဇူးတင်ပါတယ်....
ချစ်တတ်အောင် သင်ပြပေးလို့..."
မြချင်း အား လက်စွပ် စွပ်ပေးနေသည့် မောင့် လက်တို့က ရပ်တန့်သွားပြီး မြချင်းစေတန် ကို မော့ကြည့်မိသည်။
မြချင်းစေတန် မလိမ်ညာဘဲ အမှန်တိုင်းပြောနေကြောင်းကို သူမ ၏ မျက်လုံးများမှ တဆင့် မြင်လိုက်ရ၍ မောင် လည်း ပြုံးမိသွားသည်။
"ကိုယ်လည်း မင်းကို ကျေးဇူးတင်ပါတယ်....
အတိတ်ကနေ ထွက်နိုင်အောင်လို့ ကူညီပေးလို့...."
ဒီတစ်ခါတော့ ပြုံးမိသွားသည်က မြချင်းစေတန် ပင်။
"အဲ့မိန်းမအကြောင်းထပ်မဟနဲ့နော်.... ငါ့အကြောင်းကို မောင် သိပါတယ်..."
"သိပ်ကို အတ္တကြီးရန်ကော..."
"မောင့် ကြောင့်လေ..."
နှစ်ယောက်သား အကြည့်ချင်းဆုံမိကာ နှစ်ယောက်လုံး ၏ နှုတ်ခမ်းပါးထက်များတွင် အပြုံးပန်းတိုသည်လည်း ပွင့်လန်းလျက်.....
ထို့နောက် ထပ်တူကျသွားသည့် မြချင်း နှင့် မောင် တို့ ၏ နှုတ်ခမ်းလေးများ....