အပိုင်း - ၇

39 3 0
                                    

"အဖေ..."

တစ်ခါမှ အလုပ်ခန်းထဲသို့ မလာဖူးသည့် မိမိ ၏ သမီးတော်လေးက ယခုလိုမျိုး ဆိုင်းမဆင့် ၊ ဗုံမဆင့်ဖြင့် ရောက်လာ၍ ဦးအင်္ဂမြတ်အောင် တစ်ယောက် မျက်ခုံးတွေ လှုပ်နေလေပြီ။

ဘယ်သူကိုများ ထပ်သတ်လာလဲမသိ.....

"ထူးထူးဆန်းဆန်း ဘယ်လိုလုပ်ရောက်ချလာတာလဲ မယ်တော်ချော...."

"အဖေစဉ်းစားကြည့်ပါဦး... မြချင်း က အဖေ့ သမီးအကြီးမလား...."

"ဟုတ်တယ်လေ...."

"အဲ့တော့ အဖေ့နေရာကို ဆက်ခံရမှာကို အဖေက ဟိုအကောင် လူစီဖာခရစ် ကို ဆက်ခံခိုင်းတော့ သမီးက ဘာရမှာလဲ...."

"အဲ့တော့....?"

"သွယ်ဝှိုက်ပြီး ပြောမနေတော့ပါဘူး သမီး ဒုဗိုလ်မှူးချုပ် ခက်ဖူးသော်မောင် ကို လိုချင်တယ်...."

အတည်ကြီး ပြောလာသည့် သမီးဖြစ်သူကြောင့် ဒီတစ်ခါတော့ သာမန်ကစားရုံတာက မဖြစ်နိုင်ပေ။

"တကယ်ကြီးလား...."

"နောက်နေတဲ့ ပုံပေါက်လို့လား..."

"အဲ့ဒါဆို ခဏ..."

ဦးအင်္ဂမြတ်အောင် တစ်ယောက် ဖုန်းထုတ်လိုက်ပြီး တစ်နေရာကို ဖုန်းခေါ်ကာ....

"ငါ့ကို ငွေသိန်းရှစ်သောင်းရယ်....

Modern house သုံးလုံးရယ် ၊ Sport Car ၁၀ စီး ၊ Sport Bike ၁၀ စီး နဲ့ ငါတို့ Group ရဲ့ ရှယ်ယာ 20% ကို ပြင်ထားလိုက် မနက်ဖြန်ကြရင် ဗိုလ်မှူးချုပ်အိမ်ကို လိုက်လာလိုက်...."

ပြောပြီးသည်နှင့် ဖုန်းချလိုက်ကာ....

"ကဲ... မယ်တော်ချော.... ဟိုက ဒုဗိုလ်မှူးချုပ်ဆိုတော့ တင်တောင်းငွေကို ပြင်ပေးသွားပြီးပြီ မနက်ဖြန် သွားတောင်းကြတာပေါ့...."

တကယ်ကြီးလုပ်ပေးမယ် ထင်သောကြောင့် မြချင်း မှာ ခိုးပြေးဖို့တွေပါ အကုန်လုပ်ပြီးတာတောင် အခုတော့ လိုက်တောင်းပေးမယ်တဲ့လား.... ။

လိုက်တောင်းပေးတော့လည်း ကောင်းပါတယ်။ ပိုဂုဏ်တက်တာပေါ့။

"ဟဲဟဲ.... သန့်ခယူးဖားသား...."

"အမလေး လိုချင်တာရတော့ တဟဲဟဲနဲ့.... မပြောချင်ဘူး..."

မောင့် စေတန်Where stories live. Discover now