Chapter 1

312 10 0
                                    

!! Warning !!
ကြောင်များကိုနှိပ်စက်ခြင်းအကြောင်းပါသဖြင့် မဖတ်ချင်ရင်ကျော်သွားပါလို့ပြောချင်ပေမယ့် ကျေးဇူးပြုပြီးဖတ်ပေးပါလို့လည်းအရှက်မရှိတောင်းဆိုလိုက်ပါတယ်။ ကြောင်ကိုနှိပ်စက်တာက အခုအပြင်မှာတကယ်ရှိပြီးတဖြည်းဖြည်းများပြားလာပြီဖြစ်ပြီး အရမ်းလည်းရက်စက်ပါတယ်။ အိမ်တွင် ကြောင်တင်မကပဲ အခြားအိမ်မွေးအကောင်လေးများရှိလျှင် သေချာဂရုစိုက်ကြည့်ပေးပါရန် တောင်းဆိုပါသည်။

ထို့အပြင် အခြားသောသွေးထွက်သံယိုစကားများပါဝင်ကြောင်းကြိုတင်အသိပေးထားချင်ပါသည်။

_________________________________

လမ်းထောင့်ရှိကဖေးတွင်မိန်းကလေးများ‌နှင့်ပြည့်နှက်နေသည်။ သေချာသည့်အကြောင်းအရင်းမှာတော့ အချိန်ပိုင်းအလုပ်သမားကောင်ချောလေး၂ယောက်ကြောင့်ဖြစ်သည်။

"ဟား... ဒီနေ့လည်းလူတော်တော်စည်တာပဲ ဟျောင့် မင်ကျိ အပြန်ဆိုင်တစ်ဆိုင်ဝင်စားကြတာပေါ့ ငါကျွေးမယ်"

"အိုခေ ကောင်းပြီလေ အလကားဆိုတော့"

"ကျစ် အကျင့်လေးကကောင်းချက် ကူရှင်းပေးမယ်ဆိုတဲ့စကားကျတစ်ခါမှထွက်မလာဖူးဘူး"

"ဟားဟား ကောင်းပြီ² ဒီနေ့ငါရှင်းပေးမယ်။ အရင်ဆိုင်သိမ်းကြတာပေါ့"

"ရက်စ်!! ဟုတ်ပြီကွ!"

"အာ နေအုံး၊ ငါကြောင်လေးအစာကျွေးဖို့မေ့နေတာ"

"အေး² ငါလည်းကျွေးဖို့ကြောင်တွေအတွက်သီးသန့်မုန့်ဝယ်လာတယ်၊ မင်း ငါ့အိတ်ထဲကယူပြီးကျွေးလိုက်။ ငါကဆိုင်သိမ်းပေးထားမယ်"

"အိုခေ"
ထို့နောက် ချန်းမင်ကျိသည် သူ့သူငယ်ချင်းအိတ်ထဲကကြောင်သီးသန့်မုန့်နဲ့ သူအိမ်ကယူလာတဲ့ကြောင်စာကို ခွက်ထဲသေချာခွဲထည့်ကာ ဆိုင်နောင်ဖေးသို့‌သွားလိုက်သည်။ ချန်းမင်ကျိ ဆိုင်နောက်ဖေးရောက်သောအခါ ကြောင်လေးကိုမတွေ့သဖြင့် ချည်လုံးလေး ချည်လုံးလေး ဟုအော်ခေါ်ကာ လိုက်ရှာသည်။

အချိန်ခဏကြာသော် ကြောင်ချစ်သူချန်းမင်ကျိသည် စိုးရိမ်စိတ်များ များပြားလာကာ အသံကိုပိုမြှင့်၍နေရာအနှံ့ထပ်ရှာရင်း ဆိုင်ရှေ့ သို့ရောက်လာသည်။ ထိုအချိန် ဖုန်းသံမြည်လာသဖြင့်ဖွင့်ကြည့်ရာ အမြည်မသိလူတစ်ယောက်မှ ချည်လုံးလေး၏ခြေထောက်ကိုအသီးလှီးဓားအသေးလေးစိုက်ထားသည့်ပုံကိုပို့ကာ ပိုက်ဆံပို့ပေးရန်ခြိမ်းခြောက်လေသည်။

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now