Chapter 12

77 8 0
                                    

သူအရင်နေ့တွေလိုပဲအလုပ်သွားကာ ကုမ္ပဏီကိုရောက်သည်နှင့် အစည်းအဝေးခန်းမကိုစတင်ပြင်ဆင်ရာ၌ အခြား
စီနီယာများကိုကူပေး‌လိုက်သည်။

နောက်ဆုံးတော့ လူတွေစုံပြီး တင်ပြချက်စတင်လိုက်သည်။
အဖွဲ့၁...အဖွဲ့၂...အဖွဲ့၃...
နောက်ဆုံးသူတို့အလှည့်ရောက်လာခဲ့သည်။ သူတို့အဖွဲ့ခေါင်းဆောင် စီနီယာအမကထပြီးတင်ပြသည်။

"ကျွန်မတို့တင်ပြချင်တာကတော့ အရင်နှစ်ကစတင်ထုတ်လုပ်ခဲ့တဲ့ မောင်းသူမဲ့ကားကို ပြန်ပြုပြင်ထားတာဖြစ်ပါတယ်။ ဒီကားကို ပိုပြီးပေါ့အောင်ပြုပြင်ထားပါတယ်။ အားလုံးတွေးပါလိမ့်မယ့်...ပျက်စီးလွယ်မှာပေါ့ ဒီလိုလုပ်ရင်။ အဲ့အတွက်လည်းကြိုပြင်ထားပါသည်။ ဒီဗီဒီယိုကိုတစ်ချက်ကြည့်ပေးပါ။ ဒါက ဒီပြုပြင်ထားတဲ့ကားပေါ်ကို ၈၀ကီလိုဂရမ်အလေးတုံးကို ‌မီတာ၄၀၀အမြင့်မှပစ်ချခြင်းဖြစ်ပါတယ်။ လူတစ်ယောက်ဖြင့်ဖြင့် ပစ္စည်းတစ်ခုဖြစ်ဖြစ် အဲ့အမြင့်ကပြုတ်ကျရင် ပုံမှန်ကားတစ်စီးဟာလုံးဝကိုချိုင့်ဝင်သွားမှာပါ။ ဒီပြုပြင်ထားတဲ့ကားကတော့ ကြည့်ပါအုံး...အချိုင့်သေးသေးလေးပဲဖြစ်တာပါ။ ဒါကကားပျက်စီးမှုကိုလျှော့ချစေပြီး အထဲကလူကိုလည်းကာကွယ်ပေးပါတယ်..."

ထို့နောက်ဆက်လက်ပြီး ရှင်းပြရာ ၁၅မိနစ်လောက်ကုန်ဆုံးသွားသည်။ အထက်လူကြီးများနှင့် ပူပေါင်းဆောင်ရွက်ပေးမည့်ကုမ္ပဏီများကလည်း ထိုအရာကိုသဘောကျနေလေသည်။

ထင်ထားသည့်အတိုင်းပဲ ကျန်းချန်ဟွားတို့အဖွဲ့အောင်မြင်ခဲ့သည်။ ကုမ္ပဏီကလည်း ထုတ်ကုန်ကိုစတင်ထုတ်လုပ်ရန်ခွင့်ပြုလိုက်သည်။

သူထိုနေ့မှာလုပ်စရာသိပ်မရှိသောကြောင့် အိမ်ပြန်ပြီး ဖုန့်မင်းလျောင်အိမ်ဆီသို့ပဲဦးတည်သွားလိုက်သည်။

ဂိမ်းခန်းထဲတွင် ကျန်းချန်ဟွားနှင့် ဖုန့်မင်းလျောင်ဂိမ်းပြိုင်ဆော့နေကြသည်။ ထိုဂိမ်းခန်းသည် ကျန်းချန်ဟွားမလာခင်က ဒီအတိုင်းအခန်းပိုတစ်လုံးသာဖြစ်သည်။ ကျန်းချန်ဟွားဂိမ်းဆော့ရတာကြိုက်မှန်းသိပြီးနောက် ဂိမ်းအခန်းလုပ်ပစ်လိုက်ခြင်းဖြစ်သည်။

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now