Chapter 3

96 13 0
                                    

ကျင်းချန်ဟွား အိပ်ရာပေါ်လှဲရင်း ခဏမှေးကာအတွေးကမ္ဘာထဲသို့သွားလိုက်သည်။ သူနားမလည်နိုင်သောမေးခွန်းပေါင်းများစွာရှိနေသည်။
*ဒါတကယ်ပဲနောက်ဘဝလား? ဒါမှမဟုတ် ငါ့အရင်ခန္ဓာကိုယ်ကအသက်ရှင်သေးတာဖြစ်နိုင်လား? ဇာတ်ညွှန်းအတိုင်းပဲလိုက်သရုပ်ဆောင်သင့်လား? ကိုယ့်စိတ်တိုင်းကျနေသင့်လား?*

[ဒင်! ဟယ်လို အချိန်မတန်သေးပဲဆုံးပါးသွားသူများအတွက် လိုရာမေးအစီအစဉ် လုပ်ပေးဖို့ ဝိညာဉ်ပို့ဆောင်သူလာပါပြီ]

ကျန်းချန်ဟွား ရုတ်တရက်ဆိုတော့ လန့်ကာထထိုင်မိသွားသည်။ ဘေးဘီကိုကြည့်ကာ ဘယ်သူလဲလို့မေးလိုက်သည်။

[ကျွန်တော်က ဝိညာဉ်ပို့ဆောင်သူပါ၊ သေဆုံးပြီးသားလူတွေကိုပို့ဆောင်ပေးရတာပါ။ အခုကသိချင်တဲ့မေးခွန်းတွေကိုဖြေပေးဖို့လာခဲ့တာပါ။ နောက်ပိုင်းလူကြီးမင်းဘာသာအသက်ဆက်ရမှာပါ။]

ကျန်းချန်ဟွား ဒီအသံကသူ့စိတ်ထဲကနေကြားရတယ်ဆိုတာသေချာသွားတော့ စိတ်ထဲကနေပဲပြန်မေးလိုက်သည်။

[ငါတကယ်သေပြီးသွားပြီလား? ပြန်သွားလို့ရလား အရင်ကမ္ဘာကို]

[လူကြီးမင်းက အမှန်ပင်သေဆုံးပြီးပါပြီ။ ဒါပေမယ့်
လူကြီးမင်းကသေဆုံးချိန်မရောက်သေးပဲသေဆုံးသွားလို့ ကျွန်တော်တို့အခြားကမ္ဘာကိုပို့ပေးရခြင်းဖြစ်ပါတယ်]

*ဒါဆိုဒါကလျော်ကြေးပေးသလိုပေါ့*

[ငါအရင်ကမ္ဘာက လျင်ဟူနဲ့ချည်လုံးလေး ဘာဆက်ဖြစ်သွားလဲသိလို့ရမလား?]

[ဟုတ်။ ချည်လုံးလေးကအသက်ဆက်ရှင်ပြီး လျင်ဟူကခေါ်ယူစောင့်ရှောက်ထားပါတယ်။ ယခုသတင်းအချက်အလက်အရ လျင်ဟူမှာချစ်ရသူရှိပြီး မကြာခင်စေ့စပ်ပွဲလုပ်တော့မယ်လို့ကြားပါတယ်]

ကျန်းချန်ဟွား စိတ်သက်သာသွားသည့်အသံဖြင့်...
[သူတို့အဆင်ပြေတယ်ဆိုတော့ကောင်းပါတယ်။... ရှေ့လျှောက်ငါကရော ဘယ်လိုဖြစ်မှာလဲ?]

[လူကြီးမင်းကိုအမြန်ဆုံးရနိုင်မယ့် ခန္ဓာကိုယ်စီစဉ်ပေးမိလို့  ဇာတ်ကြောင်းအတိုင်းနောက်နှစ် ဒီဇင်ဘာဆိုရင်သေဆုံးသွားမယ့် ခန္ဓာကိုယ်ထဲပို့မိသွားပါတယ်။ ဒါကြောင့်ပဲ လူကြီးမင်းအတွက် လိုရာမေး အစီအစဉ်ကိုအထက်ကပြင်ဆင်ပေးထားတာပါ။ ပြီးတော့ လူကြီးမင်းကိုအသက်ဆက်ရှင်ဖို့ကြိုက်သလိုလုပ်ခွင့်ပေးထားပေမယ့် အဲ့အခွင့်အရေးက ဒေါ်လေးဖြစ်သူ စုန်းဟုန်းရန်၏သင်ကြားမှုကို၁လကြာလက်ခံပြီးမှသာအသက်ဝင်မှာပါ ]

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now