Chapter 4

87 11 0
                                    

"အသံလှိုင်းစဖွင့်လိုက်တော့" ဟုစုန်းဟုန်းရန်သည် ဘေးကလူကိုအမိန့်ပေးလိုက်သည်။

'တီ........!!!!!!'

ကျန်းချန်ဟွားနားအူလာလို့ နားကိုလက်နှင့်ပိတ်ကာလိုက်သည်။ အန်ချင်စိတ်ပါပေါက်လာသော်လည်း ပါးစပ်အတင်းပိတ်ကာသည်းခံလိုက်သည်။
*ဒီမိန်းမငါ့ကိုတကယ်နားကန်းစေချင်နေတာလားဟ?!*

တစ်ဖက်အခန်းထဲတွင်မူ စုန်းဟုန်းရန် ဖြည်းဖြည်းချင်းအသံလှိုင်းကိုကျယ်ခိုင်းလေသည်။

"သခင်မ သူတကယ်နားကန်သွားလိမ့်မယ်။ သူ့ကိုယ်ပေါ်ကဒဏ်ရာတွေကဖုံးထားလို့ရပေမယ့် ဒါကတော့ဖုံးလို့မရဘူးနော်။ ကျန်းမိသားစုတစ်ခုခုပြန်လုပ်မှာမကြောက်ဖူးလား?"

စုန်းဟုန်းရန်သည် သူ၏ထိန်းထားသောဒေါသများပေါက်ကွဲထွက်သွားသည်ထင်ပါရဲ့။ အသံလှိုင်းထိန်းချုပ်သူအား ပါးရိုက်ပြီးတွန်းကာ သူကိုယ်တိုင် ဝင်ထိုင်ပြီးအသံကိုပိုချဲ့လေသည်။

ကျန်းချန်ဟွား နားတဖြည်းဖြည်းနာလာသောကြောင့် မျက်ရည်များပင်ထွက်လာလေသည်။ ခန္ဓာကိုယ်ကိုပင်ဒူးထောက်ကာကွေးကွေးလေးနေပြီး နားကိုအသေအုပ်ထားသည်။

အချိန်စက္ကန့်ပိုင်းကြာပြီးနောက် ကျန်းချန်ဟွား၏ဘယ်ဘက်နားသည်သွေးများထွက်စပြုလာသည်။ထို့နောက်သတိပါလစ်သွားခဲ့သည်။ ထိုအရာကိုစုန်းဟုန်းရန်လှန်းမြင်မှ သတိဝင်သွားသဖြင့် အမြန်စက်ပိတ်ကာ ‌ဆရာဝန်ခေါ်လိုက်သည်။

အိမ်ဖော်များကို ကျန်းချန်ဟွားကိုအခန်းထဲသယ်သွားခိုင်းပြီး
ဆရာဝန်မလာခင်ထိ ဂနာမငြိမ် လက်သည်းကိုက်ကာ ဟိုသွားဒီသွားလုပ်နေလေသည်။

*ကျန်းအဖိုးကြီး သိရင်ဘယ်လိုလုပ်မလဲ? ဟားဟား မသိလောက်ပါဘူး။ သိလည်းဘာဖြစ်လဲ၊ သူတို့ဒီကလေးကိုမလိုချင်လို့တောင်ငါ့ဆီပစ်ထားတာပဲမဟုတ်လား? ဘာမှမဖြစ်ဘူး ဟုတ်တယ် ငါသူ့ကိုသတ်ရင်တောင်ဘာမှပြောင်းလဲမှာမဟုတ်ဘူး*

"သခင်မ ဆရာဝန်ရောက်လာပါပြီ"

"အပေါ်ထပ်ပို့လိုက်"

ဆရာဝန်သည် အခန်းထဲသို့ဝင်ကာ စမ်းသပ်ပြီး ကျန်းချန်ဟွားကိုဆေးကုသခန်းထဲခေါ်သွားပြီး သေချာစစ်ဆေးကာ ကုသပေးနေသည်။ ထိုဆရာဝန်သည် ကျန်းချန်ဟွားအတွက် အလွန်စိတ်မကောင်းသော်လည်း  သူသည်ချမ်းသာသည့်အသိုင်းအဝိုင်းထဲမှပြဿနာကြားတွင်ဝင်မပါချင်သဖြင့် လျစ်လျူရှုထား‌နေရသည်။

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now