ကျန်းချန်ဟွားသည် ပေါ့ပေါ့ပါးပါးတီရှပ်အပွနှင့် ဒူးဖုံးဘောင်းဘီလေးဝတ်ကာ အပေါ်ထပ်ကိုတက်လာခဲ့သည်။ ဒါပေါ့ လက်အိတ်စွပ်ဖို့လဲမမေ့ပေ။ သို့သော် လက်အိတ်
အမည်းနှင့် ထိုပေါ့ပေါ့ပါးပါးလူငယ်စတိုင်ဝတ်စုံဟာ
မလိုက်ဖက်ပဲ အနည်းငယ်ထူးဆန်းနေသည်။ ထို့ကြောင့်လက်အိတ်အဖြူကိုပြောင်းစွပ်လိုက်သည်။*တင်း...ဒေါင်...*
စက္ကန့်ပိုင်းကြာသော် ဖုန့်မင်းလျောင်တံခါးလာဖွင့်ပေးသည်။ သူသည်လည်းခုနကအပြင်ထွက်တုန်းကဝတ်စုံမဟုတ်ပဲ ပေါ့ပေါ့ပါးပါး လည်ပင်း V ပုံစံဆွယ်တာနှင့်ဘောင်းဘီအပွအရှည်ကိုဝတ်ထားသည်။
"ဝင်ခဲ့လေ"
ကျန်းချန်ဟွားခေါင်းငြိမ့်ကာဝင်လိုက်သည်။
"ဆိုဖာပေါ်မှာခဏစောင့်ပေးနော် ချက်တာပြီးတော့မယ်"
"ဟုတ်ကဲ့"
ကျန်းချန်ဟွားသည်ဆိုဖာပေါ်ထိုင်လိုက်ပြီး ဘေးဘီဝဲကြည့်လိုက်သည်။ သူ့အရှေ့ကဖွင့်ထားလက်စစာအုပ်ကိုတွေ့လိုက်ရသည်။ ထို့ကြောင့်စာအုပ်ကိုကိုင်ကာ စာအုပ်နာမည်ဖတ်ကြည့်လိုက်သည်။
"ယဲ့ချန်?"
"အကုန်ပြင်ဆင်ပြီးပြီ...." ဟုဖုန့်မင်းလျောင်ပြောပြီးခဏရပ်ကာ ဆက်ပြောလိုက်သည်။
"ရှောင်ဟွား လာလို့ရပြီနော်"
"ဟုတ် လာပြီဗျ" ဟုကမန်းကတန်းစာအုပ်ချပြီးဝင်သွားလိုက်သည်။ သူကသူ့ကိုဘယ်လိုခေါ်ခေါ်ဂရုမစိုက်သူမလို့ ရှောင်ဟွား လို့အခေါ်ခံရတာကိုလည်းဂရုမစိုက်ပေ။ စားပွဲပေါ်ကဟင်းတွေကိုမြင်ပြီးသူအံ့အားသင့်သွားသည်။ ဒါသူဈေးဝယ်စင်တာ ပထမအထပ်မှာငမ်းခဲ့တဲ့အစားအစာတွေမလား?
ထိုအစားအစာများမှာ ဟင်းရည်ဖက်ထုပ်၊ ကြက်သားခေါက်ဆွဲအေး၊ ငါးသံပုရာပေါင်း နဲ့ အသားပြားကင်ဖြစ်သည်။ သရက်သီးဖျော်ရည်လေးကအဆစ်ပါသေးသည်။
"ဒါတွေက..."
"အိုး ကိုယ်ဒါတွေမြင်ပြီးစားချင်လာလို့လေ ဆိုင်ကချက်တာအချို့ကမသန့်တော့ ကိုယ်တိုင်ချက်စားတာ မင်း...မကြိုက်ဘူးလား?"
(ဈေးဝယ်စင်တာမှ အလုပ်သမားလေး : အပိုတွေ အဲ့ဈေးဝယ်စင်တာက ဆိုင်တွေအကုန်သန့်ရှင်းပြီးသား။ မသန့်ဘူးထပ်ပြောရင် တရားစွဲမှာဗျ ဘာမှတ်)
YOU ARE READING
အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]
FantasyEng title: Am I really an extra character? ချန်းမင်ကျိတစ်ယောက် သူ၏အချစ်ဆုံးကြောင်လေးကိုကယ်ရင်း သေဆုံးပြီးနောက် သူ၏သူငယ်ချင်းငှားပေးခဲ့သော ဝတ္ထုတစ်ခုထဲသို့ကူးပြောင်းသွားသည်။ ဒါပေမယ့် ဘာလို့ဝတ္ထုတစ်ခုလုံးမှာမှ တစ်ခန်းထဲပါရတဲ့ဇာတ်ကောင်ထဲရောက်လာရတာလဲ...