Chapter 2

111 11 0
                                    

၂ရက်ကြာပြီးနောက်
"အိမ်တော်ထိန်းရှင်း ရှောင်းဟွား ကိုသွားခေါ်လိုက်ပါအုံး"

"ဟုတ်ကဲ့ပါ သခင်မ"

အိမ်အပေါ်ထပ် အခန်းထဲတွင် ချန်းမင်ကျိ မှန်ထဲကြည့်ကာတီးတိုးတီးတိုးပြောနေသည်။ "ဟုတ်ပြီ အခုကစပြီး ငါကကျန်းချန်ဟွား၊ ချန်းမင်ကျိမဟုတ်တော့ဘူး၊ ကျန်း ချန် ဟွား" ထိုသို့ပြောနေရခြင်းမှာ ကျန်းချန်ဟွားဟူသောနာမည်နဲ့နေသားမကျသေးသ၍ဖြစ်သည်။

ဤ၂ရက်ကာလအတွင်းကိစ္စများကိုနားလည်စပြုလာသည်။ ကျန်းချန်ဟွားသည် မွေးကတည်းကမိဘမဲ့ကျောင်းမှာစွန့်ပစ်ခံရပြီး အသက်၈နှစ်အကြာမှာ ဒေါ်လေးကပြန်လာခေါ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည်ကျန်းမိသားစုသွေးပါသည်ဟု သိသွားလို့ဖြစ်သည်။

ကျန်းချန်ဟွားကိုစုန်းဟုန်းရန်သည် သူ့ဘက်ပါအောင် အရမ်းအလိုလိုက်သည်။ သူမသည်အချိန်ကျလျှင် ကျန်းချန်ဟွားကိုသုံး၍ ကျန်းမိသားစုကိုရော စုန်းစုစုကိုရောငွေညစ်ရန် ကြံထားသည်။ ဘယ်လောက်တုံးလိုက်တဲ့အကြံလဲ။ချန်းမင်ကျိလှောင်ပြုံး ပြုံးမိသည်။ အဘယ့်ကြောင့်ဆိုသော် စုန်းစုစုဆီကငွေညစ်တာအောင်မြင်နိုင်ပေမယ့် ကျန်းမိသားစုလို့ အင်အားကြီးမိသားစုများထဲမှာ တစ်ခုကိုငွေညစ်ရန်ဆိုသည်မှာမဖြစ်နိုင်ပေ။

စုန်းစုစုဟူသောကျန်းချန်ဟွားအမေလဲဘာထူးလဲ။ သူ့သားကို ငွေ ၁၀၀ဘီလီယံ လေးနဲ့ရောင်းစားသည်။ ထို့နောက် သူ့သားကိုလှည့်ကိုမကြည့်ပဲ နိုင်ငံခြားသို့ထွက်သွားခဲ့သည်။

စုန်းစုစုသည်စုန်းဟုန်းရန်ကို ပိုက်ဆံပေး၊နှုတ်ပိတ်ခဲ့တာ ယခုဆို ၇နှစ်ရှိပြီဖြစ်သည်။ ကျန်းမိသားစုသွေးပါသည်ဆိုသောအချက်နှင့် သူ၏သားဆိုသောအချက်ကို ဖုန်းကွယ်ထားပေးရန်ဖြစ်သည်။ ထိုအိမ်တော်၏သခင်မနိုင်ငံခြားသွားတာကိုအခွင့်ကောင်းယူပြီး ကျန်းချန်ဟွား ကိုရောင်းစားရန်ပြင်သည်။

ကျန်းချန်ဟွားဆိုသောကောင်လေးကတော့အမြဲကြောက်တတ်ပြီး မိသားစုတစ်ခုလိုချင်နေခဲ့သူလေးပေါ့။ ချန်းမင်ကျိ လှောင်ပြုံးပြုံးမိသည်။ မိသားစု?ဘယ်လိုတောင်တုံးလိုက်တဲ့အရာလဲ?

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now