Chapter 9

83 10 6
                                    

"ထျန်းအာ မင်းတကယ်သွားမတွေ့ဘူးလား?"

"မဟုတ်လဲ ၁လ၁ခါပြန်လာမှာပဲ၊ တစ်သက်လုံးထွက်သွားတာမှမဟုတ်တာ သွားတွေ့ဖို့မလိုပါဘူး"

ကျန်းသာ့ယွင်စိတ်ထဲ၌ကသာသက်ပြင်းချမိသည်။
ဘေးမှာထိုင်နေသော ကျန်းလျန်းလန်က ဝင်ပြောသည်။

"ရှောင်ဟွားက ဒီကိစ္စတွေထဲလုံးလုံးဝင်လာမှာစိုးလို့ ဒီလိုလုပ်တာသိပေမယ့် ပြန်ရောက်တာတောင်မကြာသေးတဲ့ကလေးကိုထပ်ပြီး အိမ်ကထွက်သွားခိုင်းတာ အရမ်းမလွန်လွန်းဘူးလား?"

ထျန်းရှင်းသည်ပြန်မဖြေပဲ အရှေ့ကစာရွက်စာတမ်းများကိုသာကြည့်နေသည်။ ကျန်းသာ့ယွင်သည် သူ၏မိန်းမကိုတစ်ယောက်ထဲနေဖို့အချိန်ပေးရန် ကျန်းလျန်းလန် ကိုခေါ်သွားသည်။

"အပြင်ထွက်ခဲ့"

ကျန်းလျန်းလန်သည် စူပုတ်နေသောမျက်နှာဖြင့်လိုက်လာသည်။ သူမအလွန်ကိုစိတ်ဆိုးသည်။ သူမ၏အကို၂ယောက်ကလည်း လိုက်ပြီးကူမတားပဲ သူတို့အလုပ်ပဲသူတို့လုပ်နေကြတယ်။

ကျန်းသာ့ယွင်သည် ဧည့်ခန်းထဲရောက်သောအခါ ကျန်းလျန်းလန်ကိုထိုင်ခိုင်းလိုက်ပြီး စကားစလိုက်သည်။
"ပိုင်လု ဘက်ကဘာသတင်းရလဲ?"

"သူပြောတာကတော့ ဒီကိစ္စကတကယ်ပဲ သွမ့်ချင်းဘက်ကလုပ်တာ၊ ပြီးတော့ သမီးတို့ခန့်မှန်းထားသလိုပဲ သူတို့ကအကြောင်းအရင်း၂ချက်နဲ့လာပစ်မှတ်ထားတာ။ ပထမအချက်က သူတို့သမီးစွဲလန်း‌နေတဲ့ အိုက်ပိုင်လုရဲ့ဇနီးလောင်းဖြစ်တဲ့သမီးကိုသတ်ဖို့၊ ဒုတိယအချက်က သူတို့သမီးတို့ရဲ့ လျို့ဝှက်အမွှေးအကြိုင်ရောနှောခြင်းစာအုပ်ကိုလိုချင်လို့။
သူတို့ သူလျှို့၂ယောက်ကိုလွှတ်ထားခဲ့တာလဲအဲ့စာအုပ်ကြောင့်ပဲ။ ဒါပေမယ့် ပိုင်လုက အဲ့၂ယောက်ကိုဖမ်းမိထားတယ်။ ကျန်တဲ့ကိစ္စတွေကိုလည်းသူဖြေရှင်းထားပေးမယ်တဲ့"

သူတို့ကျန်းမိသားစု၏အဓိကလုပ်ငန်းမှာ
မင်းထျန်း ဆိုတဲ့ ရေမွှေးကုမ္ပဏီဖြစ်သည်။ ထိုလျှို့ဝှက်အမွှေးအကြိုင်ရောနှောခြင်းစာအုပ်မှာ ဘိုးဘွားစဉ်ဆက် အမွေတစ်ခုဖြစ်ပြီး မကောင်းတဲ့လူတွေရဲ့ပစ်မှတ်ထားခြင်းခံရသည်။ ထိုစာအုပ်မှာ စုစုပေါင်း၆အုပ်ရှိပြီး ယခုထိုပညာကိုဆက်ခံသင်ယူနေသောသူမှာ ထျန်းခန်းရှင်းနှင့်ကျန်းလျန်းလန် ဖြစ်သည်။

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now