Chapter 6

90 11 1
                                    

ကျန်းချန်ဟွားနေ့လည်တွင်အိပ်ရာမှထလာသည်။ သူဒီလိုအိပ်ရေးဝဝအိပ်ရသည်မှာရှားလို့ သေချာလေးအခွင့်ကောင်းယူနေသည်။

သူအားရပါးရအိပ်ရလို့စိတ်ချမ်းသာ‌နေသဖြင့်ပြုံးပြုံးလေးဖြင့် ရေထပ်ချိုးပြီးအောက်ထပ်သို့နေ့လည်စာစားရန်ဆင်းလာသည်။

ဒါပေမယ့် ဧည့်ခန်းထဲကလေထုကအရမ်းအေးစက်မနေဘူးလား? ဧည့်ခန်းထဲတွင်လူသတ်မှုမကျူးလွန်ရဘူးဆိုသော
ဥပ‌ဒေကြောင့် အကုန်ဒေါသထွက်ပြီးပေါက်ကွဲနေသည်။

*ကြည့်ရတာ ငါ့ဒိုင်ယာရီစာအုပ်ပြန်တွေ့ပြီထင်တယ်၊ ဟိုနေ့ကတွေ့ခဲ့တဲ့ကောင်လေးမဆိုးဘူး။ ပစ္စည်းကိုပြန်လာပို့ပေးတယ်*
(A/N- အကိုလေးမှားနေပြီ၊ သူကကော်ပီပဲပို့တာ ရှင့်စာအုပ်မဟုတ်ဘူး)

'ဖေဖေတို့ ဘာဖြစ်ကြလို့လဲ?'
ကျန်းချန်ဟွား မိသားစု gp chat ထဲစာပို့လိုက်သည်။

ထိုအချိန်မှ ဘေးကကျန်းချန်ဟွားကိုသတိထားမိကြပြီး လေထုမှာချက်ချင်းကိုပြောင်းလဲသွားသည်။

'ဘာမှမဖြစ်ကြပါဘူး။ ဒီတိုင်း အလုပ်ကိစ္စလေးတွေးနေကြလို့' ဟုအကို၁ကစာပြန်လိုက်သည်။

'ဟုတ်တယ် ဟုတ်တယ်' ဟု အကို၂နှင့်ကျန်းလျန်းလန်လည်းထောက်ခံလိုက်သည်။

'ရှောင်တိတိ မင်းဘာစားချင်လဲ အမကိုပြော' ဟုကျန်းလျန်းလန် စကားလမ်းကြောင်းလွှဲလိုက်သည်။

'မဟုတ်ဘူး ‌ရှောင်တိတိ လိုချင်တာ အမအကုန်ဝယ်ပေးမယ်'

'လွန်သွားပြီ ငါ့အတွက်လည်းချန်ပါအုံး'

'ငါလည်းဝယ်ပေးအုံးမှာလေ'

'မင်းတို့ သူလိုချင်တာဘာမဆိုဝယ်ပေးရအောင် ငါ့လောက်ပိုက်ဆံရှိလား? ရှောင်ဟွား သားလိုချင်တာမှန်သမျှ အဖေ့ကိုပြော'

'မင်းက?'

'ဟဲဟဲ ‌သားရေ ဖေဖေ့ဆီပဲသွားလိုက်နော်။ အဖေရုတ်တရက်မွဲသွားလို့'

ကျန်းချန်ဟွား သည်သူ၏အရှေ့မှ အချင်းချင်းမျက်စောင်းထိုးနေကြသော သူတို့အားကြည့်ပြီး ကြက်သေသေနေသည်။

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now