မူလကျန်းချန်ဟွား

82 12 0
                                    

Spoiler အောက်ဆုံးတွင်ပါဝင်ပါသည်

မူလကျန်းချန်ဟွားသည် အကြိမ်ကြိမ်သတ်သေရန်ကြိုးစားခဲ့ပါသည်။ ယခုကျန်းချန်ဟွားက ကျန်းသာ့ယွင်တို့က၁လကြာပြီးနောက် ပြန်လာခေါ်လို့ အကုန်မခံစားလိုက်ရတာ။

မူလကျန်းချန်ဟွားကို အရင်အပိုင်းက ယခုကျန်းချန်ဟွားကိုနှိပ်စက်သည်ထက်ပိုပြီးဆိုးတာတွေနဲ့နှိပ်စက်တာပါ။ အဲ့အိမ်ကအိမ်ဖော်မတွေနဲ့ ရှိတဲ့ယောက်ျားသားတွေပေါင်းပြီးမုဒိန်းကျင့်တာလည်းပါပါတယ်။

တကယ်လို့ ကျန်းဖေဖေတို့သာလာမခေါ်ရင် နောက်ပိုင်းကျ မူလကျန်းချန်ဟွားခံစားခဲ့ရသလိုမျိုး ယခုကျန်းချန်ဟွားကလည်းခံစားရမှာပါ။

မူလကျန်းချန်ဟွားကိုကျန်း‌ဖေဖေတို့က၅လကြာပြီး‌နောက်လာခေါ်ပါသေးတယ်။ သူတို့သံသယတွေဝင်ပြီး အဲ့အိမ်ကို လာသေးတယ်။ ဒါပေမယ့် စုန်းဟုန်းရန် ကသတင်းကြိုရပြီး ဒဏ်ရာတွေကိုမိတ်ကပ်တွေနဲ့ဖုံးပြီး မူလကျန်းချန်ဟွားကို ခြိမ်းခြောက်ခဲ့သည်။

ဘာခြိမ်းခြောက်တာလဲဆိုတော့ သူ၏ကျန်းမိသားစုကို ရက်ရက်စက်စက်ပြောပြီးမနှင်ထုတ်ရင် အိမ်တော်ကလူနဲ့တင်မကဘူး ခွေးနဲ့ပါအိပ်ခိုင်းမယ်ဆိုပြီးပေါ့။ အဲ့တော့ မူလကျန်းချန်ဟွားကလည်းကြောက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေပြောပြီး သူ့မိသားစုကိုနှင်ထုတ်တာ။

ကျန်းလျန်းလန်ကမယုံဘူး၊ အဲ့တော့သူမက မူလကျန်းချန်ဟွားကိုဖြောင်းဖျရင်း မတော်တဆ သူမကလှေကားပေါ်ကပြုတ်ကျသွားတယ်။ ဒါပေမယ့် စုန်းဟုန်းရန်က တမင်သက်သက်လုပ်တာလို့ပြောပြီးချောက်တွန်းခဲ့တယ်။

ကျန်းလျန်းလန်လည်းကိုမာဝင်သွားပြီး မူလကျန်းချန်ဟွားအတွက်အတွက်သက်သေမထွက်ဆိုပေးနိုင်ဘူး။ အဲ့နောက်ပိုင်း တော်တော်ကြာတဲ့အထိကျန်းမိသားစုကထပ်မလာတော့သလို သူလဲအဲ့နှိပ်စက်မှုထဲပြန်နှစ်မွန်းသွားပြန်သည်။

ကျန်းလျန်းလန်နိုးလာတော့ တမင်သက်သက်လုပ်တာမဟုတ်ဘူး၊ ဒါတွေအကုန်က အဲ့စုန်းဟုန်းရန်ရဲ့စနက်တွေကြောင့်ဖြစ်နိုင်တယ်လို့ပြောလိုက်သည်။ ဒါပေမယ့် သူတို့သတိထားမိတဲ့အချိန်က‌အတော့်ကိုနောက်ကျသွားလေပြီ။ မူလကျန်းချန်ဟွားကအဲ့အချိန် အမည်မသိလူသတ်သမား၏သတ်ခြင်းခံလိုက်ရတယ်။

သို့သော် ဝတ္ထုထဲတွင်တော့ ကိုယ့်ကိုကိုယ်သတ်သေခြင်းလို့ပြောရတာက စုန်းဟုန်းရန်က လူသတ်မှုဆိုရင် ခန္ဓာကိုယ်ကိုခွဲစိတ်စစ်ဆေးရင် အရင်ကဒဏ်ရာအဟောင်းတွေ၊အတွင်းကြေတွေ၊စအိုပြဲထားတာတွေတွေ့မှာစိုးလို့ 'သတ်သေခြင်း' လို့နာမည်တပ်ပြီး ကျန်းမိသားစုမရောက်ခင်မှာပဲမီးရှို့သဂြိုလ်လိုက်သည်။

ထိုအရာကိုမသင်္ကာဖြစ်လို့ ကျန်းလျန်းလန်စုံစမ်းပြီး သူ့အကိုတွေနဲ့အတူကလဲ့စားချေရာမှ ထိုဝတ္ထုစတင်ခြင်းဖြစ်သည်။

!!Tiny Spoiler!!
အခုကျန်းချန်ဟွားကဘယ်လိုပဲ သူ့ဝိညာဉ်ကအသက်၃၀ကျော်နေပါစေ ဒီလိုနှိပ်စက်မှုနဲ့ ဒီလိုကိုယ်ထိလက်ရောက်ကျူးကျော်မှုတွေကသူ့စိတ်ကိုဒဏ်ရာဖြစ်စေပါတယ်။

သူက 'ငါက အသက်၃၀ကျော်ရင့်ကျက်တဲ့သူ' ဆိုပြီး ကိုယ့်ကိုကိုယ်လှည့်စားကာ သည်းခံပြီးဆက်သရုပ်ဆောင်နေခဲ့တာ။ အဲ့တာကြောင့် နောက်ပိုင်းကျ စိတ်အ‌ခြေအနေအပြောင်းအလဲလေးရှိပါမယ်။

သူကအသန့်အရမ်းကြိုက်တတ်တဲ့သူဆိုတော့ ဟိုကိုယ်ထိလက်ရောက်ကျူး‌ကျော်မှုက အဲ့အသန့်ကြိုက်စိတ်ရောဂါကိုပိုဆိုးလာ‌စေနိုင်ပါတယ်။ ဥပမာပြောရရင် အရင်းအပိုင်းက သူ့ကိုအခန်းထဲမှာ ကျန်းမိသားစုဝင်တွေဖက်လိုက်၊ခေါင်းကိုင်လိုက် လုပ်ပြီးထွက်သွားတာနဲ့ ရေကိုခဏခဏပြန်ချိုးတာပါ။

သူကဟိုကိုယ်ထိလက်ရောက်ကျူးကျော်မှုပြီးကတည်းက အသန့်ကြိုက်ရောဂါကပိုဆိုးလာခဲ့တာ။ မိသားစုဝင်မလို့သည်းခံပေမယ့် နောက်ဆုံးတော့လည်း သူ့စိတ်ထဲသန့်ရှင်းသွားပြီလို့ခံစားရတဲ့အထိ ရေထပ်ခါထပ်ခါချိုးတာနဲ့ပဲအဆုံးသတ်တာပါပဲ။

ပြီးတော့ လူသတ်မှုက စုန်းဟုန်းရန်နဲ့ချိတ်ဆက်မှုရှိနေလား? ဘယ်သူကသတ်တာလဲ? ဘာလို့လဲ?

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now