Chapter 8+notice

87 8 0
                                    

"ကျန်းချန်ဟွား တော်လိုက်တော့! ငါမင်းကိုဒါတွေဘယ်တုန်းကသင်ပေးဖူးလို့လဲ??! "

"..." ကျန်းချန်ဟွားသည် ထျန်းရှင်းကိုပြန်မဖြေပဲ လက်ထဲမှဓားကိုချကာ သားလိမ္မာလေးသဖွယ် ထျန်းရှင်းဆီသို့လျှောက်လာသည်။ သူသည် သွေးစွန်းနေသော လက်အိတ်ကိုချွတ်ပစ်ခဲ့ရန်မမေ့ခဲ့ပေ။

ကျန်းချန်ဟွားသည် ထျန်းရှင်းရှေ့မှာခေါင်းငုံ့ကာငြိမ်နေသည်။ အမှားလုပ်ထားလို့အဆူခံရသော ကလေးပေါက်စအတိုင်း‌ပင်။ ကျန်းချန်ဟွားကိုယ်တိုင်ကပင် သူဘယ်လိုစိတ်လွတ်သွားလဲမသိပေ။

သူသည် သူ၏တိုက်ခိုက်ရေးပညာဖြင့် အနည်းငယ်ပညာပေးမည်ဟုတွေးထားသော်လည်း မနေ့ညကလောင်သောမီး...သူ့အကို၁၏သတိလစ်နေသောပုံရိပ်...သူ့အမ၏ဒဏ်ရာများကိုပြန်သတိရလာပြီး စိတ်လွတ်သွားခဲ့သည်။

သူ၏တကယ့်မိသားစုမဟုတ်သော်လည်း ဒီမိသားစုကိုရောက်မှ‌အချစ်ခံရမှုကိုသူခံစားခဲ့ရသည်။ ကျန်းချန်ဟွားခံစားမိသည်...သူဘဝပေါင်းများစွာဆာငတ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာကို ထိုလူများကပေးခဲ့သည်ဟုပင်။

သို့သော် ကျန်းချန်ဟွားသည် အနည်းငယ်ထူးဆန်းတာကိုလည်းရိပ်မိခဲ့သည်။ ဒီလိုမျိုး စိတ်လွတ်သွားပြီး ရက်ရက်စက်စက် နှိပ်စက်တာက သူ့ပုံစံမဟုတ်ပေ။ အရင်
ချန်းမင်ကျိဘဝတုန်းက သူ‌ကြွက်တစ်ကောင်ကိုမပြောနဲ့ ပိုးဟပ်တစ်ကောင်ကိုတောင်မသတ်နိုင်ခဲ့သည့် သူကယခုလို ရက်စက်စွာ သူများကိုရိုက်နှိက်ညှဉ်းပန်းခြင်းကို ကျင့်သားရနေသလိုခံစားနေရသည်။

"မင်းကားထဲဝင် အိမ်ရောက်မှဆက်ပြောမယ်"

(A/N- ကျန်းချန်ဟွားက အခု၁၆နှစ်မှာ သူ့ရဲ့အရပ်က ၅ပေ၁၀ ပါ။ ပြီးတော့ သူ့မွေးနေ့က January 7ရက်နေ့)

"ဟုတ်"
ကျန်းချန်ဟွား ကားထဲဝင်ပြီးနောက် ကျန်းသာ့ယွင်နှင့်ထျန်းရှင်းမှာလည်း လိုက်ဝင်သည်။ ကျန်းသာ့ယွင်သည် အနောက်ကြည့်မှန်မှတစ်ဆင့် သူ့သားငယ်ကိုလှန်းကြည့်ကာ ခေါင်းရမ်းလိုက်သည်။ ထျန်းရှင်းကတော့ အရှေ့က Passenger seat မှာပဲတည်ငြိမ်စွာထိုင်နေသည်။ ကျန်းသာ့ယွင်မှာ ဒီမြို့ထဲရှိ သူတို့၏နောက်အိမ်တစ်လုံးစီသို့မောင်းနှင်လိုက်သည်။

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now