Chapter 13

79 8 0
                                    

"ရှောင်ဟွား မင်းအကိုပြောတာက မင်းကိုချောက်ချဖို့စီစဥ်ခဲ့တဲ့သူရှိတယ်ဆို?"
ကျန်းသာ့ယွင်က‌ဖုန်းထဲမှလှန်းပြောသည်။

"အင်း သူ့ကို အကို၂တို့ဖမ်းသွားကြပြီ။"

"မင်းဘာမှမဖြစ်ဘူးဆိုရင်ရပြီ မင်းဖေဖေကအရမ်းကိုစိတ်ပူနေ- အာ့! အဖေပြောချင်တာက အဖေကစိတ်ပူနေတာလို့"

ကျန်းချန်ဟွားပြုံးမိသည်။ သူ့ဖေဖေ ထျန်းရှင်းကဤဖုန်းကိုဆက်ခိုင်းသည်မှာသေချာသည်။ ထို့ကြောင့်သူတမင်သက်သက် ဖုန်းထဲကလှန်းပြောလိုက်သည်။

"ဖေဖေ့ကိုလည်းပြောပေးအုံး။ ကျွန်တော်ကလည်းကျန်းမိသားစုဝင်ပဲဟာကို ဒီလိုကလေးအကွက်တွေနဲ့ လာလုပ်လို့မရဘူးလေ။ ဒါတွေရိုးနေပြီ"

"ဟားဟား ဟုတ်တာပေါ့။ ဒါတွေကပုရွက်ဆိတ်စာလောက်ပဲရှိတာ။ အိုး...အဖေအစည်းအဝေးရှိသေးလို့ ဖုန်းချပြီနော်"

"ဟုတ်ကဲ့"

ကျန်းသာ့ယွင်ဖုန်းချပြီးနောက် သူ့ဘေးမှကပ်နားထောင်နေသော ထျန်းရှင်းအား အူယားလွန်းလို့ ပါးကိုအားရပါးရနမ်းရှုံ့လိုက်သည်။

"ကြားတယ်မလား မင်းရဲ့သားက ဒီလိုပိစိလေးတွေကြောင့်ဘာမှမဖြစ်ပါဘူးလို့ပြောနေတာကို"

"အင်းပါ"

"သူဘာမှမဖြစ်ပေမယ့် ကိုယ်တော့ဖြစ်နေပြီ ဟန်နီ"

"ဟမ်?"

ကျန်းသာ့ယွင်သည် ထျန်းရှင်း၏လက်ကိုကိုင်ကာ သူ၏တောင့်တင်းပြီးမာနေသော သူ၏ညီလေးပေါ်တင်လိုက်သည်။

"မနက်ကလုပ်ပြီးပြီကို မကျေနပ်သေးဘူးလား?!"

"ကိုယ်ကအမြဲဆာလောင်နေတာလေ...မင်းရဲ့အကြည့်နဲ့တင်ကိုယ်ကမာနေပြီ"
ဟုပြောကာ ဆွဲနမ်းပစ်လိုက်သည်။ ထျန်းရှင်းကလည်းကျင့်သားရနေသလိုမျိုး နှုတ်ခမ်းကိုဖွင့်လိုက်ကာ တစ်ဖက်လူ၏လျှာကိုဝင်ခွင့်ပြုလိုက်သည်။

ကျန်းသာ့ယွင်သည်ပြုံးလိုက်ပြီး တရစပ်တိုက်စစ်ဆင်တော့သည်။ အနားမပေးပဲအားရပါးရစုတ်ကာနမ်းနေပြီး
ထျန်းရှင်းအား သူ၏ပေါင်ပေါ်ကိုကောက်ပွေ့လိုက်သည်။

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now