Chapter 14

84 4 1
                                    

!! 18+ Warning ⚠️!!

ကျန်းချန်ဟွား ‌ထီးရိုးကိုကြပ်ကြပ်ဆုပ်ကိုင်ကာ တံခါးပွင့်နေတဲ့ အိပ်ခန်းထဲကိုဖြည်းဖြည်းချင်းဝင်လာလိုက်သည်။ ထိုအချိန်အနောက်ကနေ အရိပ်မည်းကြီးပေါ်လာသဖြင့် သူနောက်လှည့်သည့်အချိန် တစ်ဖက်ကဓားဖြင့်ရွက်လာသည်။

သူသည် ကိုယ်ခံပညာကိုသင်ယူပြီးသားကဖြစ်တာကြောင့် အလိုလိုရှောင်တိမ်းလိုက်သည်။ သို့သော် လက်မောင်းကိုတော့ရှပ်ကနဲ ထိသွားကာ ဒဏ်ရာအသေးလေးရသွားသည်။

ထို့နောက် သူပြန်တိုက်ခိုက်လိုက်သည်။ တစ်ဖက်လူကတော့ ကျန်းချန်ဟွားဒဏ်ရာရပြီးနောက် ဘာကြောင့်မှန်းမသိ ကြက်သေသေနေသည်။ ကြည့်ရတာ ဒဏ်ရာရသွားလို့ စိတ်ပူနေပုံပင်။ မဟုတ်လောက်ပါဘူး ငါ့ကိုဓားနဲ့တောင်ရွယ်ထားခဲ့တာ စိတ်ပူဖို့ဆိုတာဝေး။

နောက်ပိုင်း ကျန်းချန်ဟွားတိုက်ခိုက်သမျှကို ထိုအမည်းရောင်မျက်နှာဖုံးနဲ့အမျိုးသားက မတိုက်ခိုက်ပဲ ရှောင်တိန်းနေလိုက်သည်။ ထို့နောက် ထိုလူသည် မှန်ပြတင်းပေါက်ကနေ ခုန်ချရန်ကြံသည်။ ခေါင်မိုးမှကြမ်းပြင်ထိရှိသောမှန်ပြတင်းပေါက်ဆီသို့ပြေးသွားသည်။ ၄၅ထပ်မြောက်နေ? ဒီလူသေချင်နေတာလား?!

"ရပ်လိုက်!!"

ရုတ်တရက် ကျန်းချန်ဟွား၏မျက်ဝန်းမှာ တောက်ပနေသောကျောက်စိမ်းရောင်သို့ခဏပြောင်းသွားကာ ဘေးပတ်လည်ရှိအရာများမှာလည်း ရပ်တန့်နေသည်။ ဒါဟာ၃စက္ကန့်စာမျှသာကြာမြင့်ခဲ့သည်။

ထို့နောက် အရာအားလုံးပုံမှန်ပြန်ဖြစ်ကာ ထိုလူသည် မှန်ပြတင်းပေါက်ကို ဘာအစွန်းအထင်းမှမရှိစေပဲ သရဲတစ်ကောင်လို ဖြတ်ကာ ပျောက်ကွယ်သွားသည်။

ကျန်းချန်ဟွားသည် ၃စက္ကန့်အတွင်း အချိန်ရပ်သွားသည်ကိုသတိမထားမိသော်လည်း ဒီလိုလူတစ်ယောက်ကမှန်ပြတင်းပေါက်၊ပြီးတော့ အထပ်မြင့်၄၅ထပ်တိုက်ကနေခုန်ချပြီးပျောက်ကွဲသွားသည်မှာ ထူးဆန်းသည်။

သူ၏လက်မောင်းကိုမသိလိုက်ပဲကိုင်ကြည့်တော့ ဒဏ်ရာမရှိတော့ဘူးဆိုတာကိုသတိထားမိလိုက်သည်။ အင်္ကျီကလည်းအကောင်းတိုင်းပင်။

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now