Chapter 5

94 11 0
                                    

ကျန်းအိမ်တော်မှအိပ်ခန်းကြီးထဲတွင် ထိုင်တဲ့သူကထိုင်၊ထတဲ့သူကထ၊လမ်း‌ဟိုလျှောက်ဒီလျှောက်လုပ်တဲ့သူကလုပ်နဲ့ ကျယ်ဝန်းလှသောအခန်းကြီးမှာ သူတို့ကျေးဇူးနဲ့ အတော့်ကိုကျဉ်းသလိုခံစားနေရပါပြီ။

ကျန်းချန်ဟွား၏ဒဏ်ရာများကိုကုပေးနေသောဆရာဝန်မှာ စိတ်မရှည်တော့သဖြင့် ပြုံးနေသော်လည်း အံကြိတ်ထားသောအသံဖြင့်...
"အခန်းပြင်လေးထွက်ပေးကြပါလား? Please?"

"ငါ့မောင်လေးကိုလာကြည့်တာ နင်နဲ့ဘာဆိုင်-"
ကျန်းလျန်းလန်စကားမဆုံးခင်ပင် အကို၂ဖြစ်သူသည်ပါးစပ်ပိတ်ကာခေါ်သွားသည်။ အကို၁လည်း မသွားချင်သွားချင်ဖြင့်ထွက်သွားလိုက်ရသည်။ သူတို့သိနေသည်၊ ဒီဆရာဝန်ဒေါသထွက်ရင်ဘယ်လောက်ကြောက်ဖို့ကောင်းကြောင်းကို...

ထိုအစဉ် မြေအောက်ခန်း၌ အော်သံများပြည့်နှက်နေလေသည်။

"အား!!!! တော်-တော်ပါတော့!!!"

"အားးးး သခင်မ!! အား!!"

"ကျစ် နားညီးလိုက်တာ။ သူတို့ပါးစပ်ကိုအဝတ်နဲ့စို့ထားလိုက်"

"ထျန်းအာ သူတို့သေသွားလိမ့်မယ်၊ နည်းနည်းလျှော့အုံး"

စူးရှသောအကြည့်ဖြင့်ကြည့်ပြီး...
"၁နှစ်လောက်အပြင်မှာအိပ်ချင်တာလား?"

ကျန်းသာ့ယွင်သည် ထျန်းရှင်းကိုအရူးအပြုံးဖြင့်ပြုံးပြီးလှန်းဖက်ကာ...
"မဟုတ်ပါဘူး~ တကယ်လို့သူတို့ကိုသေအောင်လုပ်မယ်ဆိုရင်လည်း ကိုယ်အစားလုပ်ပေးမယ်လို့ပြောမလို့ပါ။ သူတို့
ဟန်နီ့လက်ထဲသေပြီး ဟန်နီထောင်ထဲဝင်ရမှာစိုးလို့ပါ"

"ဟွန့် စကားထိန်းပြောထား"

ထို့နောက် ဆက်လက် နှိပ်စက်ခြင်းမျိုးစုံဖြင့်နှိပ်စက်ကာ မသေရုံတမယ်ထားပြီး  စာတစ်စောင်နှင့်တကွ စုန်းအိမ်တော်သို့ပြန်ပို့လိုက်သည်။ ထိုစာမှာ 'အသင့်ပြင်ထား' ဟူ၍ဖြစ်သည်။

ထိုစာကိုရသော စုန်းသခင်ကြီးမှာ ဒူးတုန်လာကာဖင်ထိုင်ရက်ကျသွားသည်။ သူ၏အကြီးဆုံးသမီးမှာ နိုင်ငံခြားသို့ဘာမှမပြောပဲသွားပြီးသတင်းအစအနပျောက်ကာ၊ ယခု ဒုတိယသမီးမှာလည်း သူမ၏အစေခံများနှင့်တကွ ဒဏ်ရာတလပွဖြင့်ပြန်လာသည်။

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now