Chapter 7

86 11 0
                                    

!! Warning !!
ပိစိလေးနှိပ်စက်တာပါမယ်နော်။

အချိန်အတော်အတန်ကြာတွင် အိမ်တော်ကြီးထဲမှာ မီးသတ်သမားများနှင့်တကွ အချီခံထားရသော ကျန်းလျန်းလန်ပါထွက်လာသည်။ ကျန်းလျန်းလန်သည် မီးခိုးများကြောင့်သတိလစ်သွားသည်။

သူမကဉာဏ်သုံးပြီး ရေချိုးခန်းထဲမှာ ရေတွေအကုန်ဖွင့်ထားပြီး ရေစိုသဘတ်ဖြင့်နှာခေါင်းကိုအုပ်ထားပြီး ရေကန်ထဲဝင်နေတာကြောင့် အချိန်ကြာကြာတောင့်ခံနိုင်ခဲ့သည်။

ကျန်းလျန်းလန်ကိုမြင်သည်နှင့် ထျန်းရှင်းသည် သူ၏သမီးလေးနှင့်အတူ လူနာတင်ယာဉ်နဲ့လိုက်ပါသွားသည်။ ကျန်းသာ့ယွင်လည်း ကျန်တဲ့ကိစ္စတွေကို သူ၏ဒုတိယသားထံလွှဲပေးလိုက်ပြီး ဆေးရုံသို့ဦးတည်ထွက်သွားသည်။

ကျန်းချန်ဟွားသည် သူ၏အဖေကျန်းသာ့ယွင်နှင့်အတူလိုက်ပါသွားသည်။ သူတို့ဆေးရုံသို့ရောက်ပြီး အရေးပေါ်လူနာခန်းရှေ့ရောက်သည့်အခါမှ ကျန်းချန်ဟွားသတိပြန်ဝင်လာသည်။ သူသည် တစ်ချိန်လုံးအတွေးနွံထဲနှစ်မြုပ်နေခြင်းဖြစ်သည်။

အခန်းထဲတွင် အကို၁သည် ဆိုဖာပေါ်တွင်ထိုင်ကာ အကို၂နှင့်ဖုန်းပြောနေသည်။ ထျန်းရှင်းမှာကုတင်ဘေးတွင်သူတို့သမီးလက်ကိုကိုင်ကာထိုင်နေသည်။ ကျန်းလျန်းလန်ဆိုသော
ကလေးမှာ ကျန်းချန်ဟွားမရောက်လာခင်အထိ အငယ်ဆုံးအထွေးဆုံး အလိုလိုက်ခံရဆုံးကလေးမဟုတ်ပါလား?

ယခုထိုကလေးမှာ မျက်နှာညာဘက်အခြမ်းမှာမီးလောင်ဒဏ်ရာရသွားသောကြောင့်ပတ်တီးအဖြူစည်းထားရပြီး အချို့နေရာများတွင်အကန်ခံထရသည့်နှယ်အညိုမဲများစွဲနေသည်။ ထိုအရာကိုသိသည်နှင့် ကျန်းသာ့ယွင်သည် သူကိုယ်တိုင်သွားစုံစမ်းရန်ပြင်တော့သည်။

ကျန်းချန်ဟွား နားမလည်နိုင်ပေ။ သူကဘာတစ်ခုမှမဖြစ်ပဲ ဘာကြောင့်သူ့ဘေးကလူတွေကိုလာထိနေရတာလဲ?
ကျန်းလျန်းလန်က ဇာတ်လိုက်မဆိုပြီး သေရေးရှင်ရေးနဲ့ရင်ဆိုင်နေရတာလဲ? သူ စုန်းဟုန်ရန်၏ထိန်းသိမ်းမှုအောက်တွင်တစ်လသည်းခံပြီး ကျန်းချန်ဟွားလိုဟန်ဆောင်ပေးခဲ့တာတောင် ဇာတ်ကြောင်းကဘာလို့ပြောင်းသွားရတာလဲ?

အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now