Chapter 11

73 8 0
                                    

ကျန်းချန်ဟွားစက္ကူဖြတ်ရင်း အိပ်ငိုက်လာသည်။ ထိုအချိန်အနောက်မှကောင်မလေးတစ်ယောက်ရောက်လာပြီး...

"ဟိုလေ နေ့လည်စာသွားစားကြတော့မလို့ လိုက်အုံးမလား"

"ကျေးဇူးပါ...ကျွန်တော်နေ့လည်စာဘူးပါတယ်ဗျ"

"ဟုတ်ကဲ့"

ကျန်းချန်ဟွားအချိန်ကြည့်ကြည့်မှ ၁၂ကျော်နေမှန်းသတိထားမိသည်။ ထို့ကြောင့် သူသည်သူ့စားပွဲဆီသွားကာအိတ်ထဲမှ
နေ့လည်စာဘူးကိုထုတ်လိုက်သည်။ သူလုပ်ထားတဲ့ကြက်ဥကြော်နဲ့ထမင်းလိပ်ကိုကြည့်ပြီး သူ၏ဖေဖေနှင့်ဖုန့်မင်းလျောင်လုပ်သောဟင်းများကိုပင်တမ်းတလာသည်။

သူဖြည်းဖြည်းချင်းစားလိုက်သည်။ စားပြီးတဲ့အချိန်မှာပဲ
တကယ့်ပြဿနာကြီးလာတော့သည်။ သူအိမ်သာတက်ချင်လာသည်။ သို့သော် အများသုံးအိမ်သာကိုမတက်ချင်ပေ။
*ဘယ်လိုလုပ်ရပါ့မလဲ?*

အချိန်ကိုပြန်ကြည့်လိုက်တော့ ထမင်းစားချိန်မပြည့်သေးမှန်းမြင်ပြီး အိမ်ခဏပြန်ဖို့လုပ်လိုက်သည်။ အိမ်နှင့်ကုမ္ပဏီသည် ကားနှင့်သွားရင်တောင် ၁၀မိနစ်ကြာသည်။ ထို့ကြောင့် အောင့်အီးကာ အမြန်ပြေးလိုက်သည်။

အပြင်ရောက်ရောက်ချင်း တက္ကစီငှားချင်သော်လည်း သူများစီးထားတဲ့ဟာကိုသူမစီးချင်ပေ။ ထို့ကြောင့်အနီးအနားကိုဝေ့ကြည့်လိုက်တော့ ကားနှင့်ဆိုင်ကယ်အရောင်းခန်းမကိုတွေ့လိုက်သည်။ ကျန်းချန်ဟွားအပြေးသွားပြီး ဆိုင်ကယ်ကိုလက်ငင်းပေးဝယ်ကာ အမြန်မောင်းထွက်လာလိုက်သည်။

သူသည် အရင်ဘဝကတည်းကအခုထိကိုကားမစီးတတ်သလို ကားမောင်းလိုင်စင်လည်းမရသေးပေ။ သို့သော် သူ့တွင်
ဆိုင်ကယ်လိုင်စင်တော့ရှိသည်။ ယခုအချိန်တွင် သူ့ကို
ဆိုင်ကယ်ပြိုင်စီးဖို့မကြာခဏခေါ်ခေါ်သွားတဲ့ ကျန်းလျန်းလန်ကို ကျေးဇူးတင်မိသည်။

သူအမြန်ပဲ သူ၏ကွန်ဒိုတိုက်ခန်းဆီသို့မောင်းပြေးလာသည်။ ထိုအရာကို လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတစ်ဦးမှမြင်ပြီး...
*သူဘယ်သွားမလို့လဲ?*

ဒီဆိုင်ကယ်မျိုးပါ။

ဒီဆိုင်ကယ်မျိုးပါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အရန်မဟုတ်သောအရန်ဇာတ်ကောင်လေး [ယာယီရပ်နား]Where stories live. Discover now