ဘုန်းရဲ စိတ်တွေမြူးထူးလျက်ရှိသည်။နောက်၁ပတ်ဆို project လုပ်မည့်နေရာကိုသွားမည်မို့ အရေးကြီးတဲ့စာရွက်စာတမ်းတွေလက်မှတ်ထိုးတာတွေ လုပ်ငန်းကိစ္စဆွေးနွေးသည်တို့ကိုအကြောင်းပြကာ သွယ့်ရုံးခန်းထံ ချောင်းပေါက်မတက်သွားနေ၍ဖြစ်သည်။ဘုန်းရဲဆိုသည်က ဘယ်လောက်တောင်ချစ်ရေးချစ်ရာအတွက် ကြိုးစားအားထုတ်လဲဆို စာချုပ်ချုပ်ဖို့အတွက်ဆိုကာ ၃ရက်လောက်သွားနေခြင်းဖြစ်သည်။တစ်ခါလက်မှတ်ထိုးပြီးသည်နှင့် လိုအပ်တာတွေထပ်ထည့်ချင်ဟုဆိုတာ နောက်တစ်ရက်ထပ်ချိန်းသည်။ဒီကြားထဲစာချုပ်မှာဘာတွေထည့်ရမလဲဆိုတာ ဖုန်းဆက်မေးသေးသည်။သွယ့်ဆီကနဂါးမျက်စောင်းလှလှတို့ကိုလည်း အပြုံးမပျက်လက်ခံယူရန်အသင့်။
သွယ်သည် မျက်စောင်းထိုးခြင်းအတတ်ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်စွာ ထိုးလိုက်သည့်မျက်စောင်းများဟာ ဘုန်းရဲရင်ကိုဟက်ထိစေသည်။စိတ်မရှည်၍ လေသံမာသွားသည့်အခါမျိုးတွင်လည်း ကိုဘုန်းရဲမာန်နိုင်ဟူ၍အော်သံလေးကအစ နားဝင်ချိုသည်။ယခုလည်းပြုံပြုံးကြီးကြည့်နေသောဘုန်းရဲကိုသူမရဲ့ဒေါသမျက်လုံးလေးနှင့်
"ဒီမှာကိုဘုန်းရဲမာန်နိုင် ကျွန်မသိပ်အားနေတာမဟုတ်ဘူးရှင့် လုပ်ရမဲ့အလုပ်တွေရှ်ိသေးတယ်"
"အဲ့အလုပ်တွေပစ်ပြီး ကိုယ့်မာမီရဲ့ချွေးမလာလုပ်ပါလား ကိုယ့်ကိုမာမီနားပူနေလို့ တစ်ဘဝလုံးအာမခံပေးတယ် သွယ်မပင်ပန်းစေရဘူး"
"ရှင်မမောဘူးလား ရာသီဥတုကပူတဲ့အထဲအဲ့လိုပေါက်ကရတွေပြောနေတာ လျာရိုးမရှိတိုင်း"
"မင်းကိုချစ်တဲ့နှလုံးသားပဲရှိတယ်"
အရှေ့ကမျက်နှာပြောင်နေသောသူကိုသွယ်ပစ်ပြီးထသွားလိုက်ချင်ပေမဲ့ ကိစ္စကအရေးကြီးနေသည်။စုကလည်းဖျားနေသည်မို့ သွယ်ကပင်ထိပ်တိုက်တွေ့နေရသည်။နောက်၃ရက်နေလျှင် project လုပ်မည့်နေရာသွားရတော့မည် ခုထိနေဖို့စားဖို့မသိရသေး။
"ကဲပါကိုယ်အတည်ပြောတော့မယ်"
ပြောပုံကမသိရင် သွယ်ကပဲနှောင့်ယှက်နေသလို။ဒီလူရူးနေတာပဲ။

BẠN ĐANG ĐỌC
သံသရာစက်ဝန်း(Season 2)(Completed)
Lãng mạnစိမ်းကားခြင်းတွေ နာကျင်ဖို့ကောင်းမှန်း အေးစက်သွားသည့်အခြေအနေမှသာ သိခဲ့ရသည်။ ဘုန်းရဲမာန်နိုင် ရှင်မရှိလည်း ကျွန်မဘဝက ဘာမှမဖြစ်တာမို့ ကျွန်မရှင့်ကို မလိုအပ်တော့ဘူး။ရှင့်ကို ဘယ်တုန်းကမှလည်း မလိုအပ်ခဲ့ဖူးဘူး။ အိန္ဒြေသွယ်ရှင်း Start date _ 1.8.2022