အပိုင်း(၁၄)

245 13 0
                                    

ကြားလိုက်ရသည့်သတင်းကြောင့် ရဲစစ်ဟန်မှာ နေမ
ထိထိုင်သာ။ထိုင်ရနိုးနိုး ထသွားရနိုးနိုး။ဘာဖြစ်တာလဲဆို project သစ်ကိစ္စ။ဘုန်းရဲမာန်နိုင်ဆိုတဲ့ထိုလူက B&Y ရဲ့ဆက်ဆံသူပါတဲ့။သူအကြီးအကျယ်shock ရသွားသည်။တစ်ဆက်တည်းမှာပါသူတွေးလိုက်သည်က Akariya ပါ ပါဝင်မည်ဖြစ်၍ သူမြတ်နိုးရသော မျက်နှာလေးက်ိုမြင်ယောင်လာသည်။သူကရှင်းက်ို ဘယ်လိုလိုက်ရမလဲ အကြံအိုက်နေတုန်းရှိသေးသည်။ထိုသကောင့်သားက အလုပ်ကိစ္စ ဗန်းပြပြီးအနားခေါ်ထားတော့မည်။ကံကောင်းသည်က ရုံးချုပ်က project ကိစ္စကူညီရန် သူ့က်ိုမြန်မာနိုင်ငံစေလွှတ်လိုက်ခြင်းဖြစ်သည်။ထိုစကားကြားကြားချင်းပဲဟန့်မှာ တစ်စက္ကန့်တောင်မနေဘဲ လေဆိပ်သို့အပြေးသွားကာ မြန်မာနိုင်ငံသို့သွားမည့် flight ပေါ်တက်ခဲ့လိုက်သည်။

လေယာဉ်ပေါ်မှဆင်းဆင်းချင်း အဆင့်လာကြိုသည့်ကားပေါ်တက်ကာ ဦးတည်ရာကတော့ Akariya ဆီ။သူဘာလ်ို့ဒီလိုလုပ်မိမှန်းမသိတော့။တစ်ကယ်ဆိုသူအရမ်းပင်ပန်းနေပြီဖြစ်သည်။လက်ထောက်ဖြစ်သူ ကြိုဘိုကင်ယူထားသည့်ဟိုတယ်တွင်အရင်နားပြီးမှလာဖို့ကောင်းသည်။သို့သော် မမြင်ရသည့်အားတွေက သူ့က်ိုAkariya ဆီတွန်းပို့လို့နေသည်။

"ညီမ CEO ရှင်းရှိလား"

"အပြင်သွားတာနည်းနည်းတော့ကြာပြီရှင့်"

"အကိုရုံးခန်းထဲဝင်စောင့်လို့ရလား"

ခနတွေဝေသွားသော်လည်း တစ်ဖက်လူမှာ ကိုယ်စားလှယ်ဟန်ဖြစ်နေသည်မို့ လက်ထောက်သည် ဝင်ခွင့်ပေးလိုက်သည်။

"ဟုတ်ရပါတယ်ရှင့်"

ရှင်းရုံးခန်းထဲရောက်မှ ဟန်အသက်ဝဝရှုမိသည်။သူ့ကိုသူလည်း နားမလည်နိုင်။သူသည် အချစ်ကိုနားမလည်နိုင်မှုတွေနှင့်ပြည့်နှက်နေသော ပုစ္ဆာတစ်ပုဒ်အဖြစ်ယူဆထားသည်မို့ သူကြာကြာမတွေးချင်။လူတွေချစ်မိလာရင်ဒီလိုပါပဲ။

*********

"ဟန်ကဘယ်လိုလုပ်"

သွယ်ရုံးခန်းထဲဝင်ဝင်ချင်း ဆိုဖာပေါ်တွင်ထိုင်နေသော ဟန့်ကိုတွေ့ရသောကြောင့် အံ့ဩသွားရသည်။ဟန်ကတစ်ခါမှဒီလိုအသိမပေးဘာမပေးဘဲရောက်မလာဖူးပေ။ပြီးတော့ဟန်လာရလောက်တဲ့ထိ အရေးကြီးတဲ့ အစည်းအဝေးလည်းယခုတလောမရှိသေးပေ။

သံသရာစက်ဝန်း(Season 2)(Completed)Kde žijí příběhy. Začni objevovat