Unicode
ရဲစစ်ဟန်သည် ဘုန်းရဲမာန်နိုင် ချိန်းဆိုထားသည့် ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ဆိုင်ထဲသို့ဝှေ့ကြည့်ကာ ချိန်ဆိုထားသူကိုရှာနေသည်။အသင့်အတင့်ကော်ဖီဆိုင်ဖို့ လူရှင်းရှင်းနှင့် အလုပ်ကိစ္စဆွေးနွေးလို့ကောင်းသည့်နေရာဖြစ်သည်။
ဆိုင်၏ညာဘက်ထောင့်စွန်းရှိ အပင်ငယ်များစိုက်ထားသည့်နေရာတွင် ဘုန်းရဲမာန်နိုင်က အေးဆေးထိုင်နေသောကြောင့် သူရှိရာသို့လျောက်သွားလိုက်သည်။
"နောက်ကျသွားတာတောင်းပန်ပါတယ်ဗျ ကားပိတ်နေလို့ပါ"
"ကျုပ်ကစောနေတာပါ"
ကျုပ်ဟူသော အသုံးအနှုန်းကြောင့် စိတ်ထဲဘဝင်မကျဖြစ်သွားသော်လည်း ဟန်ဘာမှတော့မပြောတော့ပါ။
ဘုန်းရဲရှေ့က ရဲစစ်ဟန်ဆိုသည့်လူကို အကဲခတ်နေမိသည်။ပုံစံကတော့ ရိုးရိုးအေးအေး လူကောင်းသူကောင်းပင်။သီဟထံမှ သိရသောအချက်အလက်များအရ သူဘယ်ကိုခြေလှမ်းဦးတည်နေလဲဆိုတာသိလိုက်ရသည်။နှလုံးသားရေးရာတွင် အပြိုင်အဆိုင်ရှိမှ ပိုအသက်ဝင်ပေမည်။
"ချိန်းတာဘာကိစ္စရှိလို့ပါလဲဗျ"
"ကျုပ်တာဝန်ယူရမဲ့ projectအကြောင်း ခင်ဗျားဆီက နည်းနည်းပါးပါးသိချင်လို့ပါ အကြမ်းဖျင်းပြောပြီးရင် ကျုပ်ဘာသာတာဝန်ယူမှာပါ ကျုပ်ဘာသာ အစအဆုံးတာဝန်ယူလို့ရပေမဲ့ သွယ်ကခင်ဗျားဆီကမေးဆိုလို့"
အထက်ဆီးမဆန်သော်လည်း ဖော်ရွေပုံမရသည့် လေသံကြောင့်ဟန်မျက်ခုံးတွန့်မိသည်။ဘုန်းရဲမာန်နိုင်က သူstateကျောင်းတုန်းက သိခဲ့တဲ့ဘုန်းရဲမာန်နိုင်ပါပဲ။
ရှင်းကို "သွယ်"ဟုအဖျားဆွတ်ခေါ်သံကြောင့် လက်သီးတို့က မသိမသာတင်းဆုပ်သွားသည်။မြွေမြွေချင်းခြေရာမြင်၍ သူတို့နှစ်ယောက် အကြည့်ဖြင့်စစ်ခင်းနေကြသည်။
"ခင်ဗျားမေးမယ်မှန်းသိလို့ ကျွန်တော် လိုအပ်တာတွေပြင်ဆင်လာပြီးပါပြီ တစ်ချက်ကြည့်ကြည့်ပါအုံး"
သူတိုးပေးသည် စာရွက်စာတမ်းတို့ကိုတစ်ချက်မကြည့်ဘဲ ကော်ဖီတစ်ကျိုက်မော့နေသူ၏ ဂရုမစိုက်သည့် ပုံစံကြောင့် ဟန်လည်းအားနာမနေတော့ဘဲ
![](https://img.wattpad.com/cover/315084710-288-k648515.jpg)
VOCÊ ESTÁ LENDO
သံသရာစက်ဝန်း(Season 2)(Completed)
Romanceစိမ်းကားခြင်းတွေ နာကျင်ဖို့ကောင်းမှန်း အေးစက်သွားသည့်အခြေအနေမှသာ သိခဲ့ရသည်။ ဘုန်းရဲမာန်နိုင် ရှင်မရှိလည်း ကျွန်မဘဝက ဘာမှမဖြစ်တာမို့ ကျွန်မရှင့်ကို မလိုအပ်တော့ဘူး။ရှင့်ကို ဘယ်တုန်းကမှလည်း မလိုအပ်ခဲ့ဖူးဘူး။ အိန္ဒြေသွယ်ရှင်း Start date _ 1.8.2022