အနေရခက်လှသည်။သွယ့်တစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည်ကြည့်လာသော ဘုန်းရဲ၏အမေဆိုသူကြောင့် အငွေ့ပျံသွားချင်မိသည်။တရားခံစစ်သလိုကိုစစ်နေတာ။မျက်လုံးများက သွယ့်ကိုတစ်လှည့် ဘုန်းရဲကိုတစ်လှည့် စူးစမ်းသလိုကြည့်ပြီး တစ်ခုခုကို အတည်ပြလိုက်ရသည် ပြုံးယောင်သန်းသွားသည်။
ရုတ်တရက်ကြီးစောရောက်လာသော မိဘ၂ပါးကြောင့် ဘုန်းရဲမှာ ကြောင်အလျက်။ပိုဆိုးတာက မာမီကသွယ့်ကိုမြင်မြင်ချင်း အထူးအဆန်းကြည့်နေသောကြောင့် ဘုန်းရဲမှာကြားထဲက မျက်နှာပူနေရသည်။သွယ်ဆိုလျှင် ပြောဖွယ်မလိုတော့။
ဘုန်းရဲက ချောင်းဟန့်လိုက်မှ ထိုအမျိုးသမီးက ကိုယ်ဟန်ဖို့ကာ
"ဒါနဲ့သမီးနာမည်က"
"အိန္ဒြေသွယ်ရှင်း တဲ့မာမီ"
သွယ့်ကိုမေးလိုက်သော်လည်း ဘုန်းရဲဆီမှအသံထွက်လာသည်။
"မင်းကိုမေးလို့ဖြေနေတာလား"
"ဘယ်သူပဲဖြေဖြေ မာမီသိချင်တာသိရပြီလေ"
"မာမီက ဒီကလေးမ အသံကြားချင်တာ"
ဘုန်းရဲ၏အမေဆိုသူက သွယ့်ကို မေးငေါ့ကာ ပြောလာသည်။
သူမသားအကြောင်း သူမသိတာပေါ့။ဒီအရွယ်ထိ ဘယ်မိန်းကလေးအကြောင်းမှ ပါးစပ်မှမဟခဲ့တဲ့သူက ကောက်ကာငင်ကာကြီး မိန်းကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်လာသည်။ဘယ်လိုပဲ အလုပ်ကိစ္စနဲ့လာရင်း လမ်းမှာမထင်ထားတာဖြစ်လို့ပဲပြောပြော ကလေးမကိုကြည့်တဲ့ သားဖြစ်သူရဲ့ အကြည့်တွေက ဘေးလူတွေကိုတောင် သိသာစေတယ်မလား။
"မာမီလုပ်ပုံကိုကြည့်ဦး သွယ့်ကိုကြည့်နေတာ ပြတိုက်ထဲက အသက်ဝင်လာတဲ့ ကျောက်ရုပ်ကြနေတာပဲ""ကဲ သားအမိတွေတော်ကြတော့ ကလေးတွေကိုအလုပ်ပေးလုပ်ပါစေ"
ဘုန်းရဲ၏ အဖေဆိုသူ ဝင်ထိန်းမှ သွယ်အသက်ရှုချောင်ရသည်။ဒါတောင် ဘုန်းရဲအမေက ကျေနပ်သေးပုံမပေါ်။ခင်ပွန်းဖြစ်သူဆွဲခေါ်ရာနောက်လိုက်ရင်း သွယ့်ကိုစောင်းငဲ့ကြည့်ရင်း သူအ အမျိုးသားထံ တိုးတိုးကပ်ပြောနေသေးသည်။
![](https://img.wattpad.com/cover/315084710-288-k648515.jpg)
KAMU SEDANG MEMBACA
သံသရာစက်ဝန်း(Season 2)(Completed)
Romansaစိမ်းကားခြင်းတွေ နာကျင်ဖို့ကောင်းမှန်း အေးစက်သွားသည့်အခြေအနေမှသာ သိခဲ့ရသည်။ ဘုန်းရဲမာန်နိုင် ရှင်မရှိလည်း ကျွန်မဘဝက ဘာမှမဖြစ်တာမို့ ကျွန်မရှင့်ကို မလိုအပ်တော့ဘူး။ရှင့်ကို ဘယ်တုန်းကမှလည်း မလိုအပ်ခဲ့ဖူးဘူး။ အိန္ဒြေသွယ်ရှင်း Start date _ 1.8.2022