အပိုင်း(၂၁)

297 16 2
                                    

Unicode

ဘယ်ကိုပဲကြည့်ကြည့် Back To The Past အကြောင်းပဲတွေ့နေရသည်။Facebook Instagram Twitter social media platform အကုန် ထိုသတင်းတွေအပြည့်။ယခုလည်း တီဗီဖန်သားပြင်ရှိ စီးပွါးရေးသတင်းအစီအစဉ်တွင် ထုတ်လွှင့်နေသည်က ထိုအကြောင်းပဲမို့ remoteကိုယူကာ ပိတ်ချလိုက်ရသည်။

ရိုက်ခက်မှုက သူထင်ထားတာထက်ပိုသည်။Project ဖွင့်ပွဲကျင်းပသည့်နေ့တွင်လည်း Hotel ပတ်ဝန်းကျင်တွင် လူအင်အားအပြည့်။cctvတွေကလည်း ရုပ်ရောအသံပါကြားရသည်။သူ့လူတွေဘာမှမလုပ်နိုင်ဘဲ ပြန်လာခဲ့ရသည်မို့ သိပ်တော့မကျေနပ်။

နံရံပေါ်ရှိတိုင်ကပ်နာရီမှ လက်တံကိုကြည့်မိတော့ ၄နာရီကိုညွှန်ပြလျက်။ချိန်းထားသည်က ၅နာရီမို့ ခုထွက်မှတော်ရာကျမည်။စာကြည့်ခန်းတံခါးကိုဖွင့်လိုက်သည်နှင့် အသင့်စောင့်နေသော လက်ထောက်ကိုတွေ့ရသည်။၊

"သတင်းလွှင့်လိုက်ပြီလား"

"မီဒီယာတွေအကုန်အသိပေးလိုက်ပါပြီ"

"ကောင်းပြီ ခုချိန်းထားတဲ့ဆီသွားမယ်"

မကြာခင်အတောအတွင်း စီးပွါးရေးလောကကို နောက်ထပ်သတင်းတစ်ခုက ရိုက်ခက်သွားမည်မှာ အသေအချာ။စက်အာဏာ ကားပေါ်တွင်ရှိနေစဉ် ဖုန်းသုံးနေလိုက်တော့ တက်လာသည့်ခေါင်းစဉ်က အာဏာgroupဥက္ကဌ၏ ရက်လည် ဟူ၍။

*********

သတင်း၂ခုကအပြိုင်အဆိုင်။အာဏာမိသားစုက ရေပန်းစားလာပြန်သည်။ဥက္ကဌဖြစ်သူသည် မသေခင်၁လအလိုလောက်တည်းက ကုမ္မဏီကိုရှေ့နေနှင့်တကွ မြေးဖြစ်နာမည်နှင့်အမွေပေးလိုက်သည် ဟူသော သတင်းကား လူတိုင်းပါးစပ်ဖျားမှာ။

အာဏာမိသားစုက ဘာလို့ သေပြီးပြီးချင်း သတင်းမလွှင့်ဘဲ ရက်လည်ကျမှ တစ်နည်းအားဖြင့် သူတို့projectဖွင့်ပွဲပြီးနောက်ရက်ကျမှ မီဒီယာကို အသိပေးရသနည်း ဟူသော မေးခွန်းက ဘုန်းရဲဦးနှောက်တွင် နေရာအပြည့်ယူလေသည်။၇ရက်ကပြည့်ချင်မှလည်း ပြည့်မည်။ဘယ်သူသိနိုင်လို့လဲ။သက်သက် attention ယူတာလည်းဖြစ်နိုင်တာပဲ။

အတွေးများနေစဉ် ရုံးခန်းတံခါးခေါက်ကာဝင်လာသည်က ဝေယံနှင့်ဟိန်းထက်။ကိုယ်စီကုမ္မဏီတွင်သာ ရုံးထိုင်ကြသည်မို့ သူတို့အရင်နေရာကိုခနပိတ်ထားရသည်။

သံသရာစက်ဝန်း(Season 2)(Completed)Where stories live. Discover now