အပိုင်း(၂၈)(Ending)

363 14 0
                                    

ဘုန်းရဲသတိရလာပြီး၁ပတ်အကြာ ဆေးရုံမှဆင်းလိုက်ရသည်။ မြန်မာနိုင်ငံရှိ စက်အာဏာ၏လုပ်ငန်းများကို နလန်မထူနိုင်အောင်လုပ်လိုက်ပြီး စက်အာဏာလည်းနိုင်ငံခြားကိုပြေးသွားပြီမို့ projectကိုသာ စိတ်အေးလက်အေး အာရုံစိုက်ထားနိုင်သည်။

ဒီ့ထက်အရေးကြီးတာက ထိုနေ့မှစ၍ သူနှင့်သွယ် တရားဝင်တွဲလိုက်ကြပြီမို့ အမြဲမျက်စောင်းထိုးနေရသော နှုတ်ခမ်းပါးလေးကို စိုစွတ်စေရေးအတွက် အားသွန်ခွန်စိုက် သွယ့်ရုံးခန်းဆီသို့။

"ကိုယ်ဝင်လာပြီနော်"

အသံပြုလိုက်သော်လည်း လူကအရင်ရောက်သွားပြီး စားပွဲပေါ်တင်ထားသော သွယ့်လက်ဖဝါးတစ်ဖက်ကို ပါးပေါ်အပ်ရင်း

"ဘာလို့ညကအကြာကြီးပစ်ထားတာလဲ အချစ်တွေလျော့သွားတာလား လွယ်လွယ်ရလို့တန်ဖိုရမထားချင်တာလား"

မျက်နှာငယ်ကာအသံညိုးညိုးဖြင့် ဒွမ်မာခင်းအပြီး လက်ခံရရှိလိုက်သည်က အပိုတွေဟု အဓိပ္ပာယ်ရသော မျက်စောင်းတစ်ခု။

"ဒီနားတိုး"

နီးကပ်လာသော ဘုန်းရဲမျက်နှာကို လက်နှစ်ဖက်နှင့်ပြန်လည်အုပ်ကိုင်ရင်း

"စာရင်းတွေမပြီးသေးတာလို့ ပြောပြီးပြီလေ ပစ်ထားပါ့မလားရှင့်ကို"

"မသိပါဘူး မိန်းမတွေကအပြောင်းအလဲမြန်တတ်လို့"

ညတိုင်းဖုန်းဆက်ပြောကြရာမှ တစ်ညလေးမအားလို့ ပစ်ထားမိ၍ ညူစူနေသော ကလေးဆိုးကြီးကို သွယ်အချစ်ပိုရပါသည်။

အသဲတစ်ခြမ်းလစ်ဟာနေရာမှ ပြည့်စုံသွားသည့် ခံစားချက်မျိုး ဘဝတစ်လျောက်လက်တွဲသွားချင်သည့် ခံစားချက်အမျိုး

အခုပဲကြည့် သွယ့်လက်ဖဝါးကို ရိတ်ခါစ ပါးသိုင်းမွှေးများနှင့်ထိပွတ်ကာ စနေပြန်တော့ တခစ်ခစ် ရီသံတွေအစီအရီထွက်ပေါ်လာရသည်။

"ဘုန်းရဲတော်တော့ ယားတယ်လို့"

"ကိုယ်ဘာလုပ်လို့လဲ"

"မစနဲ့တော့ စိတ်ဆိုးမှာနော်"

"စိတ်ဆိုးရင်ချော့မှာပေါ့"

သံသရာစက်ဝန်း(Season 2)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ