အပိုင်း(၂၀)

272 18 6
                                    

Unicode

မီဒီယာသမားများ သတင်းထောက်များ စီးပွါးရေးလုပ်ငန်းရှင်များ Novotel Hotel အတွင်းခြေချင်းလိမ်လျက် မကြာမီစတင်မည့် အခမ်းအနားနှင့်ပက်သက်သည့် စကားသံတို့ တလူလူလွှင့်လျက်ရှိသည်။

B&Y Yan Hein Akariyaတို့ပါဝင်သည့် projectဖွင့်ပွဲမို့ ပရိတ်သတ်အင်အားကလည်း မသေးလှ။နောက်နာရီဝက်အတွင်းပွဲစတော့မည်မို့ liveလွှင့်သူကလွှင့် social influencerများကိုအင်တာဗျူးသူကဗျူး projectနှင်ပက်သက်သည်ကို ထင်ကြေးပေးသူများနှင့် ပြည့်နှက်လျက်ရှိသည်။

ပို၏ထူးဆန်းသည်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှက်ရေး မြေကမ္ဘာသန့်ရှင်းစင်ကြယ်ရေး စသည့်အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူကိုပါ ပွဲထဲတွင် ဟိုတစ်ကွက်ဒီတစ်ကွက်တွေ့နေရခြင်းဖြစ်သည်။

ပရိတ်သိတ်များက စိတ်ရှုပ်ရှားမှူအပြည့်နှင့် စောင့်စားနေကြသလို ပွဲအဓိကတာဝန်ခံများကလည်း မလျော့သော စိတ်လှုပ်ရှားမှူအပြည့်ဖြင့်။

"သတင်းထောက်တွေအကုန်စုံနေပြီ ပွဲစဖို့၁၀မိနစ်ပဲလိုတော့တယ်"

လက်မှနာရီငုံကြည့်လျက်ပြောလာသော ဟန်စကားအဆုံး ဆု၏စကားသံကထွက်လာသည်။

"ငါစင်ပေါ်မတက်ဘူးနော် Akariya ကိုယ်စားပြု နင်နဲ့ရဲစစ်ဟန်ပဲသွားလိုက်တော့"

အနီးနားရှိ ဘုန်းရဲနှင့်ဝေယံက အကဲခတ်သလိုကြည့်လာသည်။

"မရဘူး ၁နာရီတောင်မပြည့်ဘူး တက်ကိုတက်ရမယ် နေရာတစ်နေရာလွတ်နေတာ ဖြစ်သင့်ရဲ့လား"

"အဲ့ဆိုလည်း......."

"ထိုင်ခုံဖယ်လိုက်လို့ပြောမှာမလား မဖယ်ဘူး တက်ကိုတက်ရမယ်"

"ပြီးရောပြီးရော"

မျက်နှာရှုံကာ မကျေမနပ်ဆိုသံကြားမှ သူတို့ကိုတစ်လှည့်စီကြည့်ကာ မိန်းမ၂ယောက်ကြားဝင်ထိန်းဟန်ပြင်နေသော ဟန်ကစိတ်အေးသွားရသည်။ဝေယံနှင့်ဘုန်းရဲကလည်း လုပ်စရာရှိတာဆက်လုပ်လျက်။

"သွားရအောင် မလိုတော့ဘူး"

Necktie ကိုပြင်ကာလိုက်သည့် ဟိန်းထက်စကားအဆုံး သူတို့အားလုံး စင်ပေါ်ဆီသို့ ဦးတည်သွားကြသည်။

သံသရာစက်ဝန်း(Season 2)(Completed)Where stories live. Discover now