Unicode
B&Ygroupအပိုင် ကိုယ်ပိုင်jet လေယာဉ်တစ်စီးသည်
ဝေဟင်တွင် တစ်ပါးတည်းမင်းမူလျက်။မောင်းနှင်သူ
မှာ B&Y group၏ president ဖြစ်လာမည့် ဘုန်းရဲမာန်နိုင်ပင်ဖြစ်သည်။ထိုယာဉ်သည် အနည်းငယ်မျှပျံသန်းပြီးသည်နှင့် အရှိန်လျော့ကာ ဆင်းသက်တော့မည်ဖြစ်သည်။ဆင်းသက်မည်ဆိုသော်လည်း မြေပြင်တော့မဟုတ်။jet တစ်စင်းစာဆင်းသက်ရန် လုံလောက်သော Hotel ခေါင်မိုးဖြစ်သည်။jetသည် ဘုန်းရဲ၏ ကျွမ်းကျင်မှုအောက်တွင် ညှင်သာစွာဆင်းသက်နိုင်ခဲ့သည်။ မန္တလေးမြို့အပူချိန်သည် 40•C နားကပ်နေသည်မို့ ခေါင်မိုးနှင့်နီးလေး အပူဒါဏ်ပိုခံရလေဖြစ်ကာ ခြေချလိုက်သည်နှင့် စီးထားတာဖိနပ်များ အရည်ပျော်ကုန်ပြီဟု ထင်မိသည့်အထိ။
"သွယ်အပေါ်ဆုံးထပ်မှာနေမှာမလား"
"အင်း"
"ကိုယ်သယ်လာခဲ့မယ် သွားနားတော့လေ"
၁နာရီမပြည့်တဲ့ jet စီးချိန်ကို သွယ်ပင်ပန်းစရာ ဘာကြောင်းမှမရှိ။ပိုင်စိုးပိုင်မဲ့ luggageတွေဆွဲယူကာ ဓာတ်လှေကားထဲဝင်သွားသော ထိုလူနောက်သာလိုက်ခဲ့လိုက်သည်။တားလည်းရမှာ မဟုတ်မဲ့တူတူ မတားတော့။သူလုပ်ချင်တာလုပ်ပါစေ။
အရှေ့ကမြင်ကွင်းကိုကြည့်ပြီး စု အကြီးအကျယ်အားကျနေမိသည်။ဝေယံကတော့ သူမ မည်သို့ဖြစ်နေမှန်းသိမည့်ပုံမပေါ် ဖုန်းတပြောပြောနှင့်။စိတ်မရှည်စွာ ကိုယ့်luggage ကိုယ်ဆွဲကာ ဓာတ်လှေကားထဲဝင်လိုက်ပြီး သူမအတွက်စီစဉ်ထားသည့်အခန်းထဲတွင်သာ ဝင်နားရန်ဆုံးဖြတ်လိုက်သည်။
"ဘယ်ရောက်နေတာလဲ နင်နောက်ကပါလာတယ်ထင်တာ"
"နင်ကငါ့ကိုမှအဖက်မလုပ်တာ ကိုယ့်luggage ကိုယ်သယ်ရတဲ့ဘဝတွေ နင်နားမလည်ပါဘူး"
သွယ်နှင့်စုကိုဘေးချင်းကပ်ရပ် အခန်းနေရာချထားသည်။ဘုန်းရဲကိုကြည့်ကာ ထိုစကားပြောလိုက်တော့ သွယ့်မျက်နှာလေး အရောင်တိုးသွားသည်က ရာသီဥတုပူရခြင်းကြောင့် မဟုတ်ပါ။
သူမအပြောကိုမစောင့်ဘဲ စု အခန်းထဲဝင်သွားသည် အထိ သွယ့်မျက်နှာအရောင်မကျသေး။

VOCÊ ESTÁ LENDO
သံသရာစက်ဝန်း(Season 2)(Completed)
Romanceစိမ်းကားခြင်းတွေ နာကျင်ဖို့ကောင်းမှန်း အေးစက်သွားသည့်အခြေအနေမှသာ သိခဲ့ရသည်။ ဘုန်းရဲမာန်နိုင် ရှင်မရှိလည်း ကျွန်မဘဝက ဘာမှမဖြစ်တာမို့ ကျွန်မရှင့်ကို မလိုအပ်တော့ဘူး။ရှင့်ကို ဘယ်တုန်းကမှလည်း မလိုအပ်ခဲ့ဖူးဘူး။ အိန္ဒြေသွယ်ရှင်း Start date _ 1.8.2022