ဘုန်းရဲကိုမာဝင်နေသည်မှာ တစ်လတင်းတင်းပြည့်ခဲ့ပြီ။သွယ်ကအလုပ်ပြန်လုပ်နေသော်လည်း အချိန်ရရင်ရသလို ဘုန်းရဲကိုလာကြည့်လေ့ရှိသည်။ဘုန်းရဲမိဘတွေကို ဘယ်လိုမျက်နှာပြရမှန်းမသိ။အထူးသဖြင့် ဘုန်းရဲအမေ။သူမသားကိုအတော်ချစ်ကြောင်း ခနလေးနှင့်သိလိုက်ရသည်မလား။
သို့သော်အထင်နှင့်တက်တက်ဆင်လွဲသည်။လူနာခန်းထဲဝင်ဝင်ခြင်းလဲနေသော ဘုန်းရဲထက် ကုတင်နားရပ်နေသော သွယ့်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး သမီးချင်းထပ်နေသောကြောင့် သွယ်ကပင်အားမနာရသည်။ဒီနေ့လည်း လူနာလာကြည့်သော သွယ့်မိဘများနှင့် အဖွဲ့ကျနေလေသည်။
လူနာကုတင်ထက်လဲလျောင်းနေသော ဘုန်းရဲ၏သွင်ပြင်က အေးချမ်းလှသည်။မတက်မအေးဖြစ်နေရသူက သွယ်။နေဝင်သွားတိုင်း ဒီနေ့လည်းသတိမရသေးဘူး ဆိုကာ တစ်သက်လုံးဒီလိုဖြစ်နေရင် ဆိုတဲ့ အတွေးကဝင်လာတတ်သည်။ချစ်ရသူကို ဆုံးရှုံးရမှာကြောက်သည့်စိတ်က အတွေးအာရုံမှန်သမျှ စိုးမိုးထားသည်။
အဖွဲ့ကျသော မိဘနှစ်ဖွဲ့ပြန်သွားသည့်အထိ လူနာခန်းထဲရှိ ဆိုဖာပေါ်တွင် သွယ်ရှိနေသေးသည်။အလုပ်လုပ်နေရင်း ဘုန်းရဲဆီအကြည့်ရောက်မိခိုက် မြင်လိုက်ရသောအရာကြောင့် လပ်တော့ကိုဗုန်းခနဲပစ်ချကာ ကုတင်ဘေးရှိ ခလုတ်ကိုအမြန်နှိပ်ရသည်။
ခဏတာ လှုပ်ရှားသွားသော လက်ညှိုးနှင့်အတူ ပါးစပ်အနည်းငယ် ပွင့်ဟလာသည်။ဘေးနားရှိ နှလုံးခုန်နှုန်းတိုင်းသည့်စက်တွင်လည်း ရေပြင်ညီမျဉ်းများမှ လှိုင်းတွန့်ပုံစံ။
ပွင့်လုဆဲဆဲနှုတ်လမ်းများမှ မပီမသစကားသံက သွယ့်နာမည်ကိုခေါ်နေသလို လက်ဖဝါးကိုအုပ်ကိုင်လိုက်ပြီး အနားကပ်သွားမိသည်။ရှိုက်နေရင်းမှ မျက်ရည်စက ဘုန်းရဲလက်ဖဝါးပေါ်လာသည်။ထိုအခိုက် မျက်တောင်ဖျားများက ခပ်ဖြေးဖြေးလှုပ်ရှားလာသည်။
အပြေးအလွှားဝင်လာသော သွန်းမှာ အခြေအနေကိုကြည့်ပြီးသည်နှင့်
"သွယ် စကားပြောပေး ဘုန်းရဲရဲ့ စိတ်အတက်အကျကနင့်ပေါ်မူတည်တယ် သူ့ကိုပြန်ခေါ်နိုင်တဲ့ တစ်ဦးတည်းသောသူကလူပဲ"
ESTÁS LEYENDO
သံသရာစက်ဝန်း(Season 2)(Completed)
Romanceစိမ်းကားခြင်းတွေ နာကျင်ဖို့ကောင်းမှန်း အေးစက်သွားသည့်အခြေအနေမှသာ သိခဲ့ရသည်။ ဘုန်းရဲမာန်နိုင် ရှင်မရှိလည်း ကျွန်မဘဝက ဘာမှမဖြစ်တာမို့ ကျွန်မရှင့်ကို မလိုအပ်တော့ဘူး။ရှင့်ကို ဘယ်တုန်းကမှလည်း မလိုအပ်ခဲ့ဖူးဘူး။ အိန္ဒြေသွယ်ရှင်း Start date _ 1.8.2022