အပိုင်း(၂၂)

233 9 2
                                    

Marcedies အပြာရင့်ရောင်သည် ရန်ကုန်မန္တလေးအမြန်လမ်းမထက် နေရာယူလျက် ဦးတည်သည်က မန္တလေးနှင့်စစ်ကိုင်းကြားရှိ မြို့ငယ်လေးတစ်ခုဆီသို့။lover seatတွင်ထိုင်နေသောသွယ့်ထံ ဘုန်းရဲစောင်းငဲ့ကြည့်မိတာ ကားစထွက်တည်းက။

သွယ်သူ့နားမှာဆိုတဲ့အသိက သူ့အပြုံးတွေဖြစ်ထွန်းဖို့ လုံလောက်တဲ့အကြောင်းပြချက် တစ်ခုဖြစ်သည်။

"ကားဆိုတာရှေ့ကြည့်မောင်းရတာနော်"

"ကိုယ်သိပါတယ်သွယ်ရဲ့ သွယ့်ကိုကြည့်မဝလို့"

"နောက်ကကားကိုသတိထားမိလား"

ဘက်မှန်တဆင့် အနောက်ကိုကြည့်လိုက်တော့ ကားအနက်တစ်စီးက သူတို့နှင့်မလှမ်းမကမ်းအကွာအဝေးမှာ သူတို့ထက်မလျော့သော အရှိန်နှုန်းဖြင့် ကပ်လိုက်လာသည်။နေပြည်တော်တွင် နေ့လယ်စာဝင်စားပြီးတည်းက ဘုန်းရဲတို့နောက်ပါလာခဲ့တာကို သွယ်လည်းသတိထားမိဟန်တူသည်။

"ရှင်ဘာစီစဉ်ထားလဲ ရှင်တစ်ခုခုမလုပ်ရင် ကျွန်မပဲစီစဉ်လိုက်မယ်"

"သွယ်ပင်ပန်းမှာပေါ့ ကိုယ်တစ်ယောက်လုံးရှိနေတာပဲ"

သူ့ကိုဖြစ်ပါ့မလားဆိုတဲ့ အကြည့်နှင့်ကြည့်လာသည်။ထို့နောက် ကားနောက်မှန်ကို စိုးရိမ်စိတ်မကင်းသလိုကြည့်နေတဲ့ သွယ့်ခေါင်းကို သူဖွဖွပုတ်လိုက်တော့ ကြောင်အသွားသလို မျက်လုံးလေးတွေ အဝိုင်းသားဖြစ်သွားတဲ့ သွယ်ကို ဘုန်းရဲ အသဲယားလွန်းလို့ ပါးပြင်လေးတွေ တဖွဖွနမ်းရှိုက်လိုက်ချင်ပေမဲ့ လက်တွေ့မှာတော့ ခေါင်းပေါ်ကသူ့လက်တွေက စရီယာတိုင်ပေါ်တွင်သာ။

ရုတ်တရက် ဦးခေါင်းပေါ်ကျရောက်လာတဲ့ လက်နွေးနွေးတစ်ဖက်က သွယ့်ပူပန်စိတ်တွေကိုစုတ်ယူနိုင်စွမ်းရှိသည်။ခပ်ဖွဖွသော်လည်း နွေးထွေးတဲ့အပြုံးက ကိစ္စမရှိပါဘူးအဆင်ပြေသွားမှာပါဆိုသည့် အတွေးမျိုး တွေးစေနိုင်တာ ဘာကြောင့်ပါလိမ့်။

ဒီအမျိုးသား ပြောင်းလဲသွားလိုက်တာ ဆိုတာ လူစားထိုးထားတယ် ဟု ထင်မိသည်အထိ။နွေးထွေးတဲ့အပြုံး နူးညံ့ခြင်းတို့ပျော်ဝင်နေတဲ့ မျက်ဝန်းတို့ကြောင့် လူကသိမ့်သိမ့် ကြည်နူးခြင်းတို့ဖြင့် လှိုက်ဖိုရသည်။

သံသရာစက်ဝန်း(Season 2)(Completed)Wo Geschichten leben. Entdecke jetzt