အခန်းထဲဖြန့်ကျက်လာသော နေရောင်စူးစူးကြောင့် လက်ရှိအချိန်ကိုသတိပြုမိသည်။မနက်၃နာရီလောက်ဆို အပြီးသတ်မည့်အလုပ်များက ၆နာရီထိတိုင်မပြီးပြတ်သေး။
တစ်ညလုံးမအိပ်ဘဲ MAC Book နှင့်အလုပ်ရှုပ်နေခဲ့သော်လည်း အလုပ်ဇောကြောင့်ပင်ပန်းသည်ဟု မခံစားရသော်လည်း ထရပ်လိုက်စဉ် မိုက်ခနဲဖြစ်သွားသောကြောင့် စိတ်ဆောင်နေသော်လည်း ခန္ဓာကိုယ်မှာ နွယ်နယ်နေလိမ့်ပေမည်။
ရေချိုးလိုက်လျှင်တော့ အနည်းငယ်သက်သာကောင်းပါရဲ့။ရေမချိုးခင် လက်ထောက်ထံဖုန်းဆက်ကာ စုံစမ်းခိုင်းထားသောကိစ္စအခြေအနေ မေးမြန်းရမည်။
"ဘာထူးလဲ"
"ခနနေသိရပါတယ်ဗျ ကျွန်တော်တို့ထင်ထားတဲ့သူဖြစ်ဖို့များပါတယ်"
"နောက်နာရီဝက်နေရင် ကိစ္စအပြည့်အစုံကို mailပို့ထားတာမြင်ချင်တယ်"
"ဟုတ်ကဲ့ပါဗျ"
ဖုန်းချလိုက်သည်နှင့် ရေချိုးခန်းဆီသာဦးတည်မိသည်။ကွန်ဒိုတွင်သီးသန့်ရုံးခန်းလုပ်ထားသည့်အပြင် ကြိုက်တဲ့အချိန်လာနေနိုင်ရန် ပြင်ဆင်ထားသည်မို့ အလုပ်များနေချိန်ဆို အိမ်မပြန်ဖြစ်ဘဲ ရုံးခန်းတွင်သာ နေလေ့ရှိသည်။
လူက ရေဗန်းမှ စီးကျလာသော ရေနွေးတို့ကြား ရောက်နေသောလည်း စိတ်မှာမူ အလုပ်စားပွဲမှ အမျှင်တန်းမပြတ်နိုင်သေး။
Projectဖွင့်ပွဲက ၁ပတ်သာလိုတော့သည်မို့ သူတို့အနေနှင့် အလွန့်အလွန်သတိထားရမည့်ကာလဖြစ်သည်။အရေးကြီးသောကာလဆိုကာမှ ဘယ်ကပြန်ပေါ်လာမှန်းမသိသော အာဏာမိသားစုက B&Y ၍ Car showroom ထံသို့ တင်သွင်းမည့် ကားတစ်ချို့ကို ဆိပ်ကမ်းမှ ဖြတ်လုခြင်းခံလိုက်ရသည်။
လက်သည်ကိုအမည်မဖော်နိုင်သေးသော်လည်း ကားကုမ္မဏီကို ဈေးပိုပေးခြင်းမဟုတ်ဘဲ ငွေချေပြီးသားကို ဖြတ်လုတည်းကိုက ဖင်မနိုင်ဘဲပဲကြီးဟင်းစားသောအထာမှာ အာဏာတို့ လက်ချက်မှန်း မြေကြီးလက်ခတ်မလွဲ။
ဆုံးရှုံးသွားသောကားများကို ပြန်လည်ရယူလိုသော်လည်း project ဖွင့်ပွဲကိုသာ အာရုံစိုက်ချင်သည်မို့ နိုင်ငံခြားမှ မှာယူထားသောကားများကို တစ်ခြားနည်းဖြင့်သယ်ယူရန်သာ စီစဉ်လိုက်ရသည်။

YOU ARE READING
သံသရာစက်ဝန်း(Season 2)(Completed)
Romanceစိမ်းကားခြင်းတွေ နာကျင်ဖို့ကောင်းမှန်း အေးစက်သွားသည့်အခြေအနေမှသာ သိခဲ့ရသည်။ ဘုန်းရဲမာန်နိုင် ရှင်မရှိလည်း ကျွန်မဘဝက ဘာမှမဖြစ်တာမို့ ကျွန်မရှင့်ကို မလိုအပ်တော့ဘူး။ရှင့်ကို ဘယ်တုန်းကမှလည်း မလိုအပ်ခဲ့ဖူးဘူး။ အိန္ဒြေသွယ်ရှင်း Start date _ 1.8.2022