Unicode
ရန်ကုန်နွေအပူကို အဲကွန်းတစ်လုံးနှင့်အန်တုကာ ရုံးခန်းထဲတွင် အမျိုးသား၃ဦးကား laptop တစ်လုံးစီနှင့်အလုပ်ရှုပ်လျက်ရှိသည်။နောက်၃လအတွင်းကျင်းမမည့် B&Y ၏ project မိတ်ဆတ်ပွဲအတွက် ရေကုန်ရေခန်း ပြင်ဆင်နေကြသည်။
အသစ်စက်စက်သတိုးသားဟိန်းထက်ပင် honeymoon ကိုproject ပြီးမှရက်ရွေ့ထားရသည်။အခြေအနေမကောင်းသောဝမ်းဗိုက်အခြေအနေနှင့်အတူ နာရီကိုအကြည့်ပို့မိတော့ ၁နာရီကိုညွှန်ပြနေသည်။လုပ်လက်စများကိုအမြန်လက်စသတ်ကာ ဇနီးချောလေးပြင်ဆင်ထားမည့် ပူပူနွေးနွေးထမင်းဝိုင်းကိုမြင်ယောင်လာသည်။
"ငါlunch ပြန်စားတော့မယ် သွားပြီ"
ဟိန်းထက်မှအသံပေးကာထွက်သွားမှ ကျန်ခဲ့သည့် ဝေယံနှင့်ဘုန်းရဲတို့ လက်ရှိအချိန်ကိုသတိပြုမိသည်။
"သေစမ်း စုနဲ့နေ့လယ်စာချိန်းထားတာခုမှသတိရတယ်"
"မင်းစုနဲ့ချိန်းထားတာလား အဲ့ဆိုငါလည်းလိုက်မယ်"
"မင်းကငါတို့ကြားဘာလိုက်လုပ်မှာလဲ"
ရှူတည်တည်နဲ့ ငါတို့ ဟူ၍ပြောလာသော ဝေယံ့ကိုဘုန်းရဲကလည်း အားကျမခံ
"သွယ့်ကိစ္စပေါ့ hotel ဖွင့်ပွဲပြီးတည်းကproject ကိုအာရုံစိုက်နေရတာနဲ့ မတွေ့ဖြစ်ဘူး အလုပ်ကိစ္စနဲ့ကလွဲရင်အတွေ့ခံမှာ မဟုတ်ဘူး အဲ့တာဟိုနေ့ကမင်းတို့နဲ့တိုင်ပင်တဲ့ကိစ္စ စုကိုစည်းရုံးပြီးသွယ့်ကိုproject မှာပူးပေါင်းအောင်လုပ်မို့"
"မင်းသွယ့်ကိုပဲကြည့်မနေနဲ့ သွယ်က Akariya ကနော် မင်းဖားသားကြီးကပူးပေါင်းဖို့သဘောတူရဲ့လား"
"မတူစရာရှိလို့လား Akariya ကလည်း ထိပ်တန်းထဲကတစ်ခုပဲဟာ Myanmar+Japan ဆိုတော့ပိုတောင်ကောင်းသေးတယ်"
"အိုကေပြီးတာပဲ မင်းအရင်ဆင်းနှင့် နည်းနည်းနောက်ကျမယ်လို့စုလေးကိုဖုန်းဆက်လိုက်အုံးမယ် ခုတောင် ၁၅မိနစ်ပါသွားပြီ"
ရည်းစားတောင်မဖြစ်သေးဘဲ အရာရာအစီရင်ခံနေသော ဝေယံ့ကိုကြည့်မရတော့။ဟိုကတော့ ရန်ဖြစ်ဖော်ရန်ဖြစ်ဘက်လောက်ပဲသဘောထားတာကို။ဝေယံ့ကိုပြောနေရင်းမှ ဘုန်းရဲ့သူ့အကြောင်းသူ သတိရလာသည်။သူ့အဖြစ်ကမျက်နှာလေးမြင်ရ စကားလေးပြောရဖို့ သိန်းထောင်ပေါင်းများစွာ ရင်းနှီးထားသည့်အဖြစ်။
![](https://img.wattpad.com/cover/315084710-288-k648515.jpg)
BINABASA MO ANG
သံသရာစက်ဝန်း(Season 2)(Completed)
Romanceစိမ်းကားခြင်းတွေ နာကျင်ဖို့ကောင်းမှန်း အေးစက်သွားသည့်အခြေအနေမှသာ သိခဲ့ရသည်။ ဘုန်းရဲမာန်နိုင် ရှင်မရှိလည်း ကျွန်မဘဝက ဘာမှမဖြစ်တာမို့ ကျွန်မရှင့်ကို မလိုအပ်တော့ဘူး။ရှင့်ကို ဘယ်တုန်းကမှလည်း မလိုအပ်ခဲ့ဖူးဘူး။ အိန္ဒြေသွယ်ရှင်း Start date _ 1.8.2022