အပိုင်း(၁၇)

334 13 3
                                    

ဝေလီဝေလင်းချိန်တွင်ဖြစ်သည်။လေပြေနုတို့ ခလုတ်တိုက်သွားသည့် မျက်နှာနုနုသည် ရွှင်လန်းခြင်းအသွင်ကိုဆောင်သည်။အိပ်ရေးဝဝအိပ်ထားရသည့် မျက်လုံးတို့က သတ္တလောကအား မေးတင်စပြုလာသော နေမင်းကိုရှုစားနေဟန်။

မွှေးပျံ့သည် အနံနှင့် အငွေ့တို့ ဝေ့ပျံနေသော ကော်ဖီခွက်ကို မျက်ဝန်းထောင့်ဖျားမှ တွေ့လိုက်ရသည်မို့ လှည့်ကြည့်ချိန်တွင်

"ကိုယ့်လိုပဲ sunrise လာကြည့်တာလား"

ခေါင်းညိတ်ပြလိုက်တော့ သွယ့်ထံ ကော်ဖီတစ်ခွက်ကမ်းလာသည်။

"နွေးနွေးလေးမို့သွယ်သောက်ရအဆင်ပြေမှာပါ"

နွေးသည် ဆိုသော်လည်း ပါးစပ်နားတေ့ကာ ကော်ဖီခွက်ထိပ်လေးကို တစ်ချက်မှုတ်လိုက်သေးသည်။နွေးထွေးနူးညံ့သည် အရသာက လျာဖျားမှတစ်ဆင့် သွေးကြောများထိ အနွေးဓာတ်ပို့ဆောင်နိုင်စွမ်းရှိသည်။

သူပေးတဲ့ ကော်ဖီသောက်ရုံမှအပ ဘာစကားမှ မကြားရသောကြောင့် ဘုန်းရဲအကြံအိုက်နေမိသည်။ညကအဖြစ်အပျက်ကိုပြန်တွေးမိတော့ အပြုံးရေးရေးက ခွင့်မတောင်းဘဲ မျက်နှာချောချောထက် နေရာယူလာသည်။

"တကူးတကကြည့်နေကြလား"

"ဘာကိုလဲ သွယ်"

"sunrise ကို"

"ဒီနေ့မှထူးထူးဆန်းဆန်းစောစောနိုးနေလို့ သွယ်ကတော့ အမြဲကြည့်နေကြမလား"

"အင်း"

တဖန်တိတ်ဆိတ်သွားသော စကားဝိုင်းကြောင့် ဟိုတယ်အပေါ်ဆုံးရှိ လေထုသည် အေးစက်သွားပြန်သည်။နှစ်ဦးတည်းရှိသော သက်ရှိတို့ထံမှ ဘာစကားမှအံကျမလာသည်မို့ တိတ်ဆိတ်မှုသာကြီးစိုးထားသည်။

ထိုချိန် မေးတင်နေသော နေမင်းကြီးသည် ဝံ့ကြွားစွာပင် ကိုယ်ရောင်ပြလာကာ ရောင်ဖြည်တို့ကို မြေထုထံသို့ ခုန်ဆင်းစေသည်။ဘေးနားကလူက မျက်စိရှေ့မှမြင်ကွင်းကိုကြည့်မနေသည်မို့

"ရှေ့ကိုကြည့်မကြည့်ဘူးလား"

အရှေ့ဘက်ရပ်ဝန်းဆီ မျက်လုံးဖြင့် ညွှန်ပြလာသောကြောင့် အကြည့်တို့ကို့ ရွေ့လိုက်သည်။ရွှေဝါရောင်အဆင်းရှိသည့် ရောင်ခြည်တို့က သစ်ပင်မြင့်များ အဆောက်အအုံးများ၏ထိပ်တို့မှတစ်ဆင့် မဟာပထ္ထဝီမြေကြီးထိ နေရာယူထားနေပြီ။

သံသရာစက်ဝန်း(Season 2)(Completed)Where stories live. Discover now