4

411 60 36
                                    

ဆော့မင်လေး ဝမ်းနည်းနေသည်။

ကိုကိုဟာ ဆော့မင်ကို စကားမပြောတာ ဒီနေ့နဲ့ဆို လေးရက်ရှိလေပြီ။
ကျောင်းအသွားအပြန်လမ်းမှာလည်း စက်ဘီးကိုပဲအာရုံစိုက်နင်းနေကာ ဆော့မင်ပြောသမျှကို တစ်ချက်ကလေးမှအဖက်မလုပ်ပေ။ ဒီအခြေအနေကြီးကို ဆော့မင်တကယ်မကြိုက်ပါ။ ကိုယ်မှားမှန်းသိလို့ ချော့နေပေမယ့်လည်း ကိုကိုဟာ ဒီတစ်ခါတော့ အမှန်တကယ်ကိုစိတ်ဆိုးနေတာဖြစ်ပြီး ဆော့မင်ကိုလုံးဝအလျှော့မပေး။ အမှားလုပ်ထားသူဟာ ကိုယ်ပဲမို့ ကိုကို့ကိုလည်းအပြစ်တင်၍မရပေ။ ကိုကိုဒီလောက်အထိစိတ်ဆိုးမယ်မှန်းသိရင် ဆော့မင်ထိုနေ့က ‌ကျောင်းလစ်ခဲ့မည်မဟုတ်ပါ။

လွန်ခဲ့သည့်လေးရက်က>>>>>

"ကိုကို"

"ဗျာ ပြောလေ ကလေး"

ကျောင်းသွားသည့်လမ်းမှာ ‌ဆော့မင်ဟာကိုကို့ကို မဝံ့မရဲခေါ်လိုက်ခြင်း။ ကိုကိုခွင့်မပြုလောက်ပေမယ့်မသွားလိုက်ရရင် နောင်တရမှာမို့ ပြောကြည့်မည်ဟုဆုံးဖြတ်ကာ

"Shopping mall မှာ children's day special ရှိတယ်တဲ့ ဒီနေ့တစ်ရက်ပဲလုပ်မှာ၊ အဲ့ဒါတူတူသွားရအောင်လေ"

"ဒီနေ့ဆို ကျောင်းဖွင့်တယ်လေ ကလေးရဲ့"

"အဲ့ဒါကြောင့် ကျောင်းလစ်မယ်လေလို့ နော်၊ ဒီနေ့တစ်ရက်ပဲလေ ကိုကိုကလည်း"

"သည်းသည်း မရဘူးနော်၊ စာမေးပွဲကနီးနေပြီ အဆင့်ပြန်တက်မလာရင် သည်းသည်းဖြစ်လာမယ့်အကျိုးဆက်တွေကိုသိတယ်မလား။ ပါပါးက သည်းသည်းကို စိတ်ဆိုးမှာနော်"

"စာတွေက ကိုကိုရှင်းပြလို့ရနေပါပြီလို့ သားလိုချင်တဲ့ အရုပ်တွေလည်း promotion ချမှာကိုကိုရဲ့ သွားရအောင်ပါနော်"

"မရဘူး သည်းသည်း"

"ကိုကိုလို့"

"ကိုကို မရဘူးလို့ ပြောပြီးပြီလေ"

ကျောင်းရှေ့လည်းရောက်လာပြီမို့ ဆော့မင်ဟာ စက်ဘီးပေါ်မှဆင်းကာ

"ကိုကိုလို့ ဒီနေ့တစ်ရက်တည်းလို့ ကိုကိုနဲ့တူတူသွားမှာလေ ပြီးတော့"

KoKo, Please love me backkk!!!Where stories live. Discover now