6

716 70 57
                                    

"ကိုကို သားကိုချစ်လားဟင်"

ဟုန်းအိမ်တော်ရဲ့ခြံထဲကဒန်းလေးပေါ်မှာ ကိုယ့်ပေါင်ပေါ်ခေါင်းအုံးလို့ အိပ်နေတဲ့ကလေးလေးကမေးလာတော့ ဂျီဆူးကြောင်သွားရသည်။ ဒီကလေးဟာ သူ့ကို ဒါမျိုးမေးခွန်းမမေးဖူးဘူးမဟုတ်လား။ သူကသာ ကလေးကို ကိုကို့ကိုချစ်လား ဘာညာမေးဖူးပေမယ့် ကလေးကတော့ သူချစ်တာကို ခံစားမိသည့်အလား တစ်ခါမှမမေးဖူးပေ။

"ကိုကိုလို့ သားမေးနေတယ်လေ၊ ဘာလို့မဖြေတာလဲ
သားကိုမချစ်ဘူးလား ကိုကိုက"

"ဟင် မဟုတ်တာ သည်းသည်းကလည်း၊ သည်းသည်းက ဒီလို တစ်ခါမှမမေးဖူးတော့ ကိုကိုကြောင်သွားလို့ပါ ကလေးရယ်"

"အဲ့ဒါဆိုဖြေလေလို့၊ သားကိုချစ်လား"

"မေးစရာလား ကလေးရယ်၊ ကိုကိုက သည်းသည်းကိုမှမချစ်ရင် ဘယ်သူ့ကိုသွားချစ်ရမှာလဲ။ ကိုကို့ကလေးလေးကို ကိုကိုက ချစ်တာပေါ့"

"ကိုကိုက နောက်သုံးလလောက်နေရင် တက္ကသိုလ်တက်ရတော့မှာလေ၊ အဲ့ဒီအခါကျ မမလှလှတွေကိုတွေ့တဲ့အခါ သားကိုမေ့သွားမှာလား"

"ဒီအရှုပ်ထုပ်လေးကို ကိုကိုက ဘာလို့မေ့ရမှာတုန်း၊ ကိုကို့အသက် 18 နှစ်ပြည့်ပြီးပြီ။ သည်းသည်းကလွဲပြီး ကိုကိုဘယ်သူ့ကို ခေါင်းထဲထည့်ခဲ့ဖူးသလဲ"

"အဲ့ဒါ သားနဲ့ကိုကိုနဲ့က အချိန်တိုင်းတူတူရှိနေလို့လေ၊ နောက်ဆို သားနဲ့ကိုကိုက အခုလောက်တူတူမရှိနိုင်တော့ဘူးလေ၊ မင်ဂယူကပြောတယ် တက္ကသိုလ်ကိုရောက်ပြီး ရည်းစားမထားတဲ့သူဆိုတာ မရှိဘူးတဲ့၊ ကိုကိုလည်း ရည်းစားထားမှာမို့ ကိုကို့ကိုအခုလို ကပ်နေလို့မရတော့ဘူးတဲ့"

ဂျီဆူးသိလိုက်ပါပြီ၊ ဒီကလေးကို မဟုတ်တာတွေပြောလွှတ်တဲ့ တရားခံငမွှေထိုးကို။ အဲ့ဒါကြောင့်မို့ အီသခင်လေးက ခုတလော မှိုင်တွေတွေလေးဖြစ်နေကာ သူ့ကိုတွေ့ရင် မျက်နှာလေးမဲ့ပြီးရှောင်သွားတာကိုး။
ဒီနေ့တောင် ကလေးပေါက်စအား သူ့အိမ်ထဲကနေ ချီပြီးခေါ်ထုတ်လာလို့ အခုလိုသူ့ပေါင်ပေါ်ကို ရောက်နေခြင်းဖြစ်သည်။

အမှန်ဆို အခုလိုမေးခွန်းမျိုးက ဒီကလေးမေးစရာမလိုဟုထင်မိသည်။ သူ့မှာဤကလေးလေးကို ဘယ်လောက်တောင် သံယောဇဉ်ရှိလိုက်သလဲ။ အကယ်၍ဂျီဆူးမှာ ညီငယ်လေးတစ်ယောက်ရှိခဲ့လျှင်တောင် ဒီကလေးကိုချစ်သလောက်ချစ်မိမည်မဟုတ်ပါ။ သူလက်တွဲဖော်ရွေးလျှင်လည်း ကလေးသဘောကျပြီးလက်ခံတဲ့သူကိုသာလျှင် ရွေးမိမည်ထင်ပါသည်။

KoKo, Please love me backkk!!!Where stories live. Discover now