5

487 64 58
                                    

နှစ်ဝက်စာ‌မေးပွဲနောက်ဆုံးနေ့_

စာမေးပွဲမတိုင်ခင်တစ်ရက်အလိုအထိ ဟုန်းဂျီဆူးတို့ အီသခင်လေးကို ချော့တလှည့်၊ခြောက်တလှည့်၊ဆူတလှည့်၊ငေါက်တလှည့်နဲ့ စာလုပ်ဖို့ အာပေါက်မတက်ပြောပြီး သင်ပေးခဲ့ရတာ ပင်ပန်းရကျိုးတော့နပ်လောက်ပါသည်။ ကလေးပေါက်စကတော့ ‌သူအကုန်နားလည်တယ်တော့ပြောတာပါပဲ။ ဉာဏ်ကောင်းလွန်းတဲ့ပေါက်စဟာ စာနဲ့ပတ်သက်ရင်အလွန်ပျင်းတာ နှစ်အိမ်လုံးအသိပင်။ ‌တစ်ခါတစ်ခါ အီသခင်လေးဟာ သူ့ရဲ့ဦးနှောက်သေးသေးလေးကို ‌အိမ်တော်နှစ်ခုအားပတ်မွှေဖို့ပဲ သုံးနေတယ်လို့တောင်ထင်မိ၏။

သင်္ချာလိုတွက်စာတွေဆို ပုံသေနည်းနဲ့တွက်နည်းကို နားလည်အောင်ရှင်းပေးလိုက်ပြီး ဥပမာနှစ်ပုဒ်၊သုံးပုဒ်လောက်တွက်ပြလိုက်ရင် ဉာဏ်ရည်မြင့်တဲ့ပေါက်စက နားလည်သွားပေမယ့် ထိုကလေးဟာ စာကျက်ရမှာတော့အလွန်ပျင်းလှသည်။ စာတစ်ပုဒ်ကျက်ဖို့အရေး ဂျီဆူးမှာ အနှီပေါက်စနကို တရားချလိုက်၊ဆူလိုက်လုပ်ရတော့သည်။ သိပ်လည်းမဆူရဲ၊ သူဆူလိုက်လို့ ငိုသွားရင်ပြန်ချော့ရမှာသူပဲဖြစ်ပြီး ငိုပြီးရင်အိပ်တတ်တဲ့ကလေးကို စာကျက်ခိုင်းဖို့ကပိုလို့တောင်ခက်သွားမှာမို့ သတိကြီးကြီးထားပြီး နေနေရသည်။ အထက်တန်းဖြေရမယ့်သူ့ကိုယ်သူထက် ဤအလယ်တန်းပေါက်စကို ပိုစိတ်ပူနေရတာကလည်းသေချာစဉ်းစားကြည့်မည်ဆို သဘာဝကျမည်မဟုတ်ပေ။ သို့သော် ဒီတစ်ခေါက်စာမေးပွဲမှာ အီဆော့မင်လေး အဆင့်ပြန်တက်လာမှဖြစ်မည်။ ထိုမှသာ အီပါပါးဆီကနေအဆူမခံရဘဲ ကလေးငယ်ငယ်လေး ဝမ်းမနည်းရမှာဖြစ်သည်ကို တွေးလိုက်မိတော့ အီဆော့မင်လေးကိုသာပိုလို့စိတ်ပူလာတော့သည်။

အခုလည်း အချိန်စေ့ခေါင်းလောင်းထိုးသည်နှင့်တစ်ပြိုင်နက် ဟုန်းဂျီဆူးတို့ အလယ်တန်းအဆောင်သို့ ကလေးလေးအဆင်ပြေ၊မပြေ မေးမြန်းရန် တစ်ချိုးတည်းသွားတော့သည်။

ရှေ့ရက်တွေနဲ့မတူဘဲ မှိုင်တွေတွေလေးဖြစ်နေတဲ့ ကလေးကိုတွေ့တော့ အလောတကြီးပင်သွားမိရာ ဘယ်သူတွေကိုတိုက်မိလဲသူမသိတော့၊ တခြားသူတွေဘာပြောနေလဲ သူမကြားတော့။

KoKo, Please love me backkk!!!Where stories live. Discover now