10

611 76 126
                                    

ဆော့မင်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝဟာ ထင်ထားခဲ့သလို ပျော်ဖို့ကောင်းမနေပါ။ ဆော့မင်အထက်တန်းတုန်းက စိတ်ကူးယဉ်ခဲ့တဲ့ တက္ကသိုလ်ဘဝက ကိုကိုနဲ့ကျောင်း‌အတူတူသွား၊အတူတူပြန်မည်၊ ကျောင်းမှာ ကိုကို့ကို လိုက်နှောင့်ယှက်မည်၊ ကိုကိုနဲ့ထမင်းလည်းအတူတူစားပြီး အိမ်ပြန်ချိန်တွေမှာ သူလုပ်ချင်သမျှကို ဂျီကျမည်ဟု တွေးထားခဲ့တာဖြစ်သည်။

သေချာစဉ်းစားကြည့်မိမှ ဆော့မင်တွေးထားခဲ့ဖူးတဲ့ အနာဂတ်အစီအစဉ်တွေတိုင်းမှာ ကိုကိုပါနေခဲ့သည်ပင်။

အခုတော့ ကိုကို့ကားနဲ့ကျောင်းသွားကျောင်းပြန်တူပေမယ့် ကားပေါ်မှာတော့ ကိုကိုက သူ့ကိုမရှိသလိုလျစ်လျူရှုထား၏။ မနက်တိုင်းလည်း "ကိုယ့်ဟာကိုယ်အချိန်မီရောက်အောင်လာ ငါကအချိန်နဲ့အလုပ်လုပ်‌နေရတာ မင်းကိုစောင့်နေဖို့မအားဘူး" လို့ ပြော၍ သူကသာကိုကိုရှိရာကို အချိန်မီရောက်အောင်အားထုတ်ရလေသည်။

ကျောင်းမှာလည်း ကိုကိုက သူ့ကိုလုံးဝမသိသလိုနေကာ လမ်းမှာမတော်တဆတွေ့မိလျှင်တောင် မမြင်ချင်ယောင်ဆောင်သွားတတ်၏။

ဆော့မင်ဒီအခြေအနေကို မကြိုက်ပေမယ့် ဘယ်လိုဖြေရှင်းရမလဲလည်းမသိပေ။ သူ့ဘက်ကတော့ ကိုကိုနဲ့စေ့စပ်ပွဲကိုငြင်းပေးဖို့ အစီအစဉ်မရှိတာ အမှန်ပင်။

အစပိုင်းတော့ ကိုကိုမသိချင်ယောင်ဆောင်ထားလည်း ထမင်းစားချိန်တိုင်း ကိုကို့ဆီသွားကာ ဘေးနားလေး တတွတ်တွတ်ပြောပြီးရှုပ်နေတတ်ပေမယ့် ကိုကို့သူငယ်ချင်းတွေပါ ဆော့မင်နားဝိုင်းလာပြီး ဆော့မင်ကိုဝိုင်းနှုတ်ဆက်ကြတဲ့အခါမှာတော့ ကိုကိုဟာ သူ့လက်ကိုဆွဲလို့ ထိုနေရာကနေခေါ်ထုတ်ပြီး နောက်သူ့ဆီဘယ်တော့မှမလာခဲ့ဖို့ပြောသဖြင့် ဆော့မင်မသွားရဲတော့ချေ။

နဂိုကတည်းကသဝန်တိုတတ်တဲ့ ဆော့မင်ဟာ ကိုကိုတို့အတန်းထဲက အစ်မတစ်ယောက်ကိုလုံးဝသဘောမကျပါ။ ဆော့မင်ရှိနေချိန်‌တွေမှာတောင် ကိုကို့ဆီအတင်းလိုက်ရောနေသလို ခံစားရတာမို့ ထိုအစ်မ ကိုကို့နားမကပ်နိုင်ရန် ဂျောင်ဟန်ဟျောင်းကိုသာ အကူအညီတောင်းထားရတော့သည်။
သူဂျောင်ဟန်ဟျောင်းနဲ့အဆက်အသွယ်ရှိတာကိုလည်း ကိုကိုမသိ။ ကိုကိုသိလျှင် သူ့ကိုစိတ်ဆိုးအုံးမည်ပင်ဖြစ်၏။

KoKo, Please love me backkk!!!Where stories live. Discover now