ဆော့မင်လေးတို့ အထက်တန်းအောင်စာရင်းထွက်ပြီးပြီဆိုတာနဲ့ အိမ်တော်ရဲ့သခင်လေးဟာ ဇာတိတွေပြန်ပြလာပြီး အရင်လို စားလိုက်၊အိပ်လိုက်၊မွှေလိုက်နှင့် တစ်ရက်တစ်ရက်ကို ဖြတ်သန်းနေလေတော့သည်။
အိမ်တော်နှစ်ခုက လူကြီးတွေကတော့ ဆော့မင်အထက်တန်းကို ထူးထူးချွန်ချွန်အောင်ဖို့ရန် လက်လှမ်းမီသမျှ နတ်ဘုရားတွေဆီမှာ ကတိအထပ်ထပ်ပေးမိထားကြသည်မို့ အောင်စာရင်းထွက်သည်နှင့်တစ်ပြိုင်နက် ဟုန်းမာမားနှင့်အီမာမားတို့ ပတ်ပြီးကတိပေးတိုင်တည်ထားသမျှကို ဖြည့်ဆည်းရန် ဟုန်းပါပါးနှင့်အီပါပါးပါ လိုက်သွားရလေရာ အီအိမ်တော်က အိမ်တော်ထိန်းနှင့်အလုပ်သမားတွေကို နားရက်ပေးပြီး ဆော့မင်ကိုကျ ဂျီဆူးဆီပို့ထားသဖြင့် ဆော့မင်လေး ကိုကိုနဲ့အတူတူဟုန်းအိမ်တော်မှာ အချိန်ပြည့်ရှိနေတော့သည်။ ကိုကိုတို့ uni ပိတ်ထားချိန်လည်းဖြစ်ပြီး ဆော့မင်နဲ့မှအတူတူပြန်တက်ရမည်မို့ ဆော့မင်လေးမှာ ကိုကို့နားအချိန်ပြည့်ကပ်နေရသဖြင့် အူမြူးနေလေသည်။
ကိုကိုလည်းဒီအတောအတွင်း ဆော့မင်ကို ပိုလို့ပင်အလိုလိုက်ထားသဖြင့် သခင်လေးမှာ ပိုပိုဆိုးလာပြီး တီဗီကြည့်နေရင်းနဲ့တောင် ဘေးနားလေးမှာ သူလုပ်စရာရှိတာလုပ်နေသည့်ကိုကို့ကို ရေထယူခိုင်း၊မုန့်ထယူခိုင်းနှင့် အတော်ပင်ဇိမ်ကျနေတော့သည်။
"ကိုကို သားကို စတော်ဘယ်ရီလေးယူပေးပါအုံး"
"ကိုကို သားကို ရေဘူးလေး"
"အဲ့ဒီဘူး ဟုတ်ဘူးလေ
သားသောက်လက်စဘူးရှိတယ်""သည်းသည်းသောက်လက်စဘူးကို ကိုကိုကဘယ်လိုလုပ်သိမှာတုန်း"
"ကိုကိုခုနကတောင်သောက်လိုက်တဲ့ဘူးလေ
ကိုကိုနော် သားဘာဘူးနဲ့သောက်လိုက်လဲတောင်မသိဘူးလား""အင်းပါ အင်းပါ ကိုကိုမှားတာမို့ စိတ်မဆိုးပါနဲ့"
"ရော့ ဒီမှာပါ သခင်လေး
စိတ်ကျေနပ်တော်မူရဲ့လားဗျ""ကိုကို ဟီးးး"
ဆော့မင် သွားဖြီးပြလာသည်မို့ ဟုန်းဂျီဆူးတို့ မျက်ခုံးလှုပ်ရလေပြီ။ ဘာတွေပူဆာအုံးမလဲမသိပေ။