ဆော့မင်အသက် 17၊ ကိုကို့အသက် 19
အထက်တန်းနောက်ဆုံးနှစ်ကို ရောက်လို့လာပြီဖြစ်တဲ့ ဆော့မင်လေးကို တစ်ခုခုလွဲချော်သွားမှာစိုးလို့ အိမ်တော်နှစ်ခုလုံးက ကြပ်ကြပ်မတ်မတ် ဂရုစိုက်ပေးနေကြကာ သူနဲ့တောင်အရင်လို နီးနီးကပ်ကပ်နေခွင့်မရှိတော့ပေ။
ဆော့မင်ကိုယ်တိုင်က သူရှိရာ uni ကို မှီအောင် လျှောက်ပြီး လိုက်လာချင်သဖြင့် စိတ်အားထက်သန်နေသောကြောင့်ရောပါလိမ့်မည်။
သူ့လက်ထဲ အပ်လိုက်ဖို့ပြောပေမယ့် ထိုကလေးတစ်ခွန်းဆို တစ်ခွန်းပြီးတတ်တဲ့ သူ့ကို နှစ်အိမ်လုံးကမယုံကြချေ။ဘာပဲဖြစ်ဖြစ် ဟုန်းဂျီဆူးဟာ သူ့နားကို ကပ်ချွဲပြီး ညာညာစားတတ်တဲ့ လူညစ်ကလေးကို လွမ်းလှပြီဖြစ်သည်။
အီအိမ်တော်ထိန်းကို နှစ်ရက်လောက် ပလီပလာလုပ်၊တောင်းပန်တိုးသျှိုးပြီးခဲ့တဲ့နောက်မှာတော့ သူဟာ ဆော့မင်လေးကို အိမ်တော်ကနေခိုးထုတ်ခွင့် ရလေတော့မည်။ ထို့ကြောင့် ကလေးကို ဒီနေ့ည ရအောင်ခေါ်ထုတ်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။
အချိန်အားဖြင့် ညခုနစ်နာရီ။
လမ်းထိပ်မှာစောင့်နေတဲ့ ဟုန်းဂျီဆူးဆီကို ဆွယ်တာအဖြူလေးနဲ့ပြေးလာတဲ့ အရိပ်ကလေးကိုတွေ့တာနဲ့ လုပ်နေကျအတိုင်း လက်နှစ်ဖက်ကို ဆန့်တန်းလို့ ကြိုတော့ သခင်လေးဟာ ရင်ခွင်ထဲကို တန်းရောက်လာခဲ့ပြီး ရင်ဘတ်ကို ခွေးပေါက်လေးတွေလို တရှုံ့ရှုံ့နမ်းကာ
"ကိုကို့!...လွမ်းနေခဲ့တာ"
"မယုံပါဘူးနော်၊ ကိုကို့ကို တစ်ချက်ကလေးတောင် လာတွေ့ဖို့မကြိုးစားခဲ့ဘဲနဲ့များ၊ အခုတောင် ကိုကို အကုန်စီစဉ်ထားလို့ ထွက်လာလိုက်ရတာမလား"
"မဟုတ်ပါဘူး...ကိုကိုကလည်း
သားက ကိုကို့ကို အများကြီးလွမ်းနေတာပါ။
မာမားတို့က သားကို မျက်စိအောက်ကနေအပျောက်မခံလို့ပါ။ ပြီးတော့ သားအခုကြိုးစားမှ ကိုကို့ဆီလိုက်လာလို့ရမှာလေ""အင်းပါ...အီဆော့မင်ပြောတော့လည်း အီဆော့မင်လေးရဲ့စကားပေါ့၊ ယုံလိုက်ပါ့မယ်"