နေ့လည်စာထမင်းစားချိန်နားသည့် ခေါင်းလောင်းသံမြည်သည်နှင့် ဟုန်းဂျီဆူးတစ်ယောက် ပစ္စည်းတွေပင်မသိမ်းနိုင်ဘဲ နှစ်အိမ်လုံးရဲ့အရှင်သခင်လေးရှိရာ အလယ်တန်းတွေရဲ့အဆောင်ကို ပြေးရတော့သည်။
အစားအစာကို ကောင်းကောင်းစားတတ်သည့် ကလေးဟာ ဒီတလော အိမ်ကထည့်ပေးလိုက်သည့် ထမင်းချိုင့်ကို ဟုတ်တိပတ်တိမစားဘဲ ဒီအတိုင်းပြန်ပြန်ပါလာသည်ဟု အီမာမားက လာပြောထားသဖြင့် အကြောင်းအရင်းကိုသိရဖို့လုပ်မှဖြစ်တော့မည်။အီဆော့မင်လေးတို့ စာသင်ခန်းထဲရောက်သွားတော့ ဆော့မင်တို့သူငယ်ချင်းသုံးယောက်တို့နေရာမှာ လပ်နေသဖြင့် ကန်တင်းကိုပြေးရပြန်လေသည်။
ထမင်းစားဆင်းတာဖြင့် ငါးမိနစ်တောင်မပြည့်သေး ဒီကလေးသုံးယောက်က အခန်းထဲမရှိတော့တာ ပုံမှန်တော့မဟုတ်နိုင်ပေ။
ကန်တင်းထဲကိုဝင်ဝင်ချင်း ရေခဲမုန့်ဆိုင်မှာ အော်ဟစ်လုယက်ဝယ်နေတဲ့ ပုံရိပ်လေးကိုတွေ့တာနဲ့ ဟက် ခနဲ တစ်ချက်ရယ်လိုက်ပြီး ထိုအရိပ်လေးဆီကိုသွားကာ လူအုပ်ထဲမှခေါ်ထုတ်လာခဲ့သည်။" ကိုကို..."
မျက်လုံးအဝိုင်းသားနဲ့ပြူးကြည့်နေတဲ့ကလေးကို ခပ်တည်တည်စိုက်ကြည့်ပေးလိုက်တော့ ကလေးပေါက်စနဟာ သူ့အပြစ်သူသိသည့်အလား သွားဖြီးကာ လက်မောင်းတစ်ဖက်ကို မှီတွယ်ရင်း
"ကိုကို ထမင်းမစားဘူးလားဟင်" ဆိုပြီးမေးလာတာမို့"ကိုကို့ကို မေးရအောင် မင်းကရောစားလို့လား၊ ထမင်းမစားဘဲ ဒီသရေစာတွေပဲစားနေတာ ဘယ်နှစ်ရက်ရှိပြီလဲ"
"မင်းလို့မခေါ်နဲ့!!!"
ဘယ်ဘက်လက်မောင်းကို မှီတွယ်ထားတဲ့ကလေးဟာ မျက်စောင်းတစ်ချက်ထိုးကာ ထအော်တာမို့ သူ့ပါးစပ်နဲ့ကိုယ့်ဘယ်ဘက်နားရွက်ကတစ်တန်းတည်းဖြစ်နေသောကြောင့် တစ်ချက်တည်းနဲ့ပင် နားအူသွားရတော့သည်။
"ကိုကိုမေးတာကိုအရင်ဖြေ သည်းသည်း၊ နေ့လည်စာထမင်းမစားတာ ဘယ်နှစ်ရက်ရှိပြီလဲလို့"
"လေးရက်" မဖြေချင်ဖြေချင်နဲ့ ဆောင့်အောင့်ဖြေလာတဲ့ကလေးဟာ အဆူခံရမှာကိုကြောက်မှန်းသိတာမို့ ရုပ်ကိုဆက်တည်ထားကာ