13

631 77 359
                                    

စားသောက်ပြီးစီးလို့ အိမ်ပြန်မယ့်လမ်းမှာ ဆော့မင် ကိုကို့ဆီက ဘယ်လိုလစ်ထွက်ရင်ကောင်းမလဲဆိုတာပဲ တွေးနေမိသည်။ အချိန်ကိုလုနေရသည့် ကျောင်းလို၊ လမ်းလယ်ခေါင်လိုနေရာမျိုးမှာတောင် ဇွတ်အသားယူနေတာ အိမ်လိုမျိုး လွတ်လွတ်လပ်လပ်နေရာသာဆို ဆော့မင်လေးအရိုးပဲကျန်တော့မှာစိုးရသည်။

“သည်းသည်း အိမ်ရောက်ပြီ”

“ဟင် ရောက်သွားပြီလား မြန်တာ”

“ပုံမှန်ပါပဲ သည်းသည်းရယ်
သည်းသည်းသာ တစ်လမ်းလုံးဘာတွေတွေးလာမှန်းမသိတာ”

“အာ့ဆို သားအထဲဝင်ပြီနော် ကိုကို
ဂွတ်နိုက်”

ညာတာပါတေားနဲ့ထွက်ပြေးဖို့ပြင်ပေမယ့် မလွတ်လိုက်။ ကိုကိုက သူ့လက်ကိုပြန်ဆွဲထားပြီး

“ဟိတ် လူညစ်ကလေးမလုပ်နဲ့ အကြွေးဆပ်ဖို့ရှိတာ ကိုယ့်ကိုယ်ကိုယ်သိနော်”

“ဟမ် ဘာအကြွေးလဲ သားကိုကို့ဆီက ပိုက်ဆံချေးထားမိတာလား”

“သည်းသည်းနော် ကိုကို့ကိုအနိုင်မကျင့်နဲ့
ကတိမတည်တဲ့ကလေးတွေကို နတ်တွေကမကြိုက်ဘူးနော်”

“ကိုကိုကြိုက်ရင်ရပြီကို....”

“ဘာပြောတာ”

ဆော့မင်ကပါးစပ်လှုပ်ရုံလေးသာပြောလိုက်သည်မို့  ကိုကိုကပြန်မေးတော့ ခေါင်းသာရမ်းပြလိုက်ပြီး

“ဝှားးး သားမတရားအိပ်ငိုက်နေပြီ အိပ်တော့မယ်လို့”

“အတူတူအိပ်မယ်”

“အားးး အဲ့လိုတွေမပြောပါနဲ့ဆို
ကိုကိုက ဘာကြီးမှန်းလဲမသိဘူး”

“သည်းသည်းရည်းစားကြီးလေ”

“ကိုကို...အင့်...သားကိုလွှတ်ပေးတော့”

“မလွှတ်ပေးနိုင်ပါဘူး ကိုယ်က ကိုယ့်ရပိုင်ခွင့်ကိုတောင်းနေတာလေ”

“ကိုကိုနော်...အင့်....လွှတ်ပေးလို့
သား...အင့်.....”

“အီဆော့မင်”

“ဗျ...ဗျာ”

“အခုငိုတာလား”

“....”

KoKo, Please love me backkk!!!Where stories live. Discover now