"ကိုကို့!"
ဟော...ရောက်လာပါပြီ မျက်နှာချင်းဆိုင်အိမ်က အရှုပ်ထုပ်ကလေး။ ဆယ့်ခြောက်နှစ်သားအရွယ် ဟုန်းဂျီဆူး လေးဟာ သူ့ထပ်နှစ်နှစ်ငယ်တဲ့ မျက်နှာချင်းဆိုင်အိမ်က ကလေးလေးရဲ့အသံကိုကြားတာနဲ့ ငယ်ရွယ်နုနယ်တဲ့မျက်နှာလှလှလေးပေါ်မှာ အပြုံးလေးတစ်ပွင့်ဖြစ်ထွန်းလို့လာတယ်။
"ခဏလေးနော် သည်းသည်း၊ ကိုကိုအဝတ်အစားလဲနေတုန်းမို့ ကုတင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်နေနော်"
"ဟုတ်ကဲ့ ကိုကို"
ကုတင်ပေါ်မှာ တက်ထိုင်ပြီး ခြေထောက်လေးနှစ်ဖက်ကို လွှဲရမ်းဆော့ကစားနေတဲ့ကလေးလေးရဲ့ မျက်နှာဟာ ကြည်လင်လန်းဆန်းနေတာမို့ မှန်ထဲကနေကြည့်နေတဲ့ ဂျီဆူးမှာ အသည်းတယားယားဖြစ်ပြီး မနေနိုင်တော့တဲ့နောက် နက်တိုင်ကို ဖြစ်သလိုစည်းကာ ကလေးလေးရဲ့ ပါးနှစ်ဖက်ကို လိမ်ဆွဲပစ်မိတော့ ငြူဆူဆူအသံလေးက ထွက်လာပြန်တယ်။
"ကိုကိုးးး ပါးကိုမဆွဲနဲ့လို့!"
ဆော့မင်နီးဟာ ပါးဖောင်းတဲ့ကလေးမျိုးမဟုတ်ဘဲ မျက်နှာသွယ်သွယ်သေးသေးလေးသာ ရှိပေမယ့် ဂျီဆူးဟာ အသည်းယားလာတိုင်း ပါးလေးကိုဆွဲလိုက်၊ဆံပင်တွေကိုဆွဲဖွလိုက် လုပ်လေ့ရှိပြီး အဲ့ဒီလိုလုပ်တိုင်းလည်း ကလေးပေါက်က အော်တတ်ပေမယ့် ဂရုမစိုက်စွာပင် လုပ်မြဲ၊လုပ်ဆဲ။
အခုလည်းဆူပုတ်ပြီး အခန်းထဲကနေဆောင့်အောင့်လို့ထွက်သွားတာမို့ ဟုန်းဂျီဆူးတို့မှာ နောက်ကနေလိုက်ချော့ဖို့အရေးအပြေးကလေးလိုက်ကာ"သည်းသည်းကလည်း ကိုကိုက အသည်းယားလို့စမိတာကို အဲ့လိုစိတ်မဆိုးရဘူးလေ"
*ကလေးပေါက်က တစ်ချက်တောင် လှည့်မကြည့်*
"အိုက်ဂူးး ကလေးလေးကစိတ်ကောက်နေတာပဲ ဆူထော်နေတဲ့နှုတ်ခမ်းလေးက ကိုကို့ဆီလာကပ်အုံးမယ်"
ချော့နေရင်းတန်းလန်း အူထဲကနေလှိုက်လှိုက်ပြီးယားတက်လာတာမို့ ဆူနေတဲ့နှုတ်ခမ်းလေးကိုပါ လက်နဲ့ဆွဲမိပြန်တော့
" yarrrrr ဂျိုရှူအာ ဟုန်းးး!"
ခွေးပေါက်လေးလို ချစ်ဖို့ကောင်းတဲ့ အီဆော့မင်လေးဟာ စိတ်တိုလာပြီဆိုရင်တော့ ခွေးသေးသေးလေးတွေလို မိတဲ့နေရာကို သွားရာအကွင်းလိုက်ပေါ်အောင်ကိုက်တတ်ပါသေးတယ်။
အခုလည်းနားထဲစူးသွားလောက်စေတဲ့ အော်သံနဲ့အတူ ညာဘက်လက်ဖမိုးကို ကုန်းကိုက်နေတဲ့ခွေးပေါက်ဟာအသားကိုခဲထားတာ တစ်စက်ကလေးမှပင် လွှတ်မပေး။