ကားပေါ်ရောက်လို့ ခါးပတ် ပတ်ပေးပြီးသည်အထိ ငြိမ်ငြိမ်ကလေးထိုင်လို့ ရှိုက်ငိုနေသည်မှာ မရပ်သေးတဲ့ ကလေးကြောင့် ဟုန်းဂျီဆူးတို့ ပျာယာခတ်နေလေပြီ။
"သည်းသည်း....မငိုပါနဲ့
ဘာလို့ငိုတာလဲ ကိုကိုကနမ်းလိုက်မိလို့လား""အစတုန်းကကျဇွတ်ငြင်းနေပြီး ခုကျရုတ်တရက်ကြီး သူများကိုလာပြီးအသားယူတာ နှုတ်ခမ်းပေါက်သွားပြီလို့...အင့်"
"နာသွားတာလား...
ကိုကိုနောက်မနမ်း....အဲ...နောက်ကျလည်းနမ်းရမှာမို့ အလေ့အကျင့်ဖြစ်သွားအောင်ပါ"သူ့အပြောကြောင့် အရည်ကြည်တွေဝေ့သီနေတဲ့ မျက်ဝန်းလှလှလေးဆီက မျက်စောင်းလေးတစ်ချက် ရောက်လာသည်မှာ သိမ်မွေ့ပြီးလှပလွန်းလို့ အသက်ပင်ဘယ်ကထွက်ရမလဲမသိတော့။
"ကိုကို"
"...."
"ကိုကို့"
"...."
"ရားးးး ဟုန်းဂျီဆူး"
"အမေ့...လန့်တာ သည်းသည်းရာ ဖြည်းဖြည်းအော်ပါ၊ ကိုကိုကြားပါတယ်"
"ကိုကိုက ကြားတယ်သာပြောတာ စိတ်တွေကဘယ်ဆီရောက်နေလဲမှမသိဘဲ၊ နောက်မှာကျန်ခဲ့တဲ့ အစ်မကြီးများရောက်နေတာလားမသိဘူး"
"မဟုတ်ရပါဘူး သည်းသည်းရယ်၊ ကိုကို့မှာ ဒီကလေးလေးတစ်ယောက်ပဲရှိတာ သိရက်သားနဲ့"
"မယုံပါဘူး၊ ဒါပေမယ့်ထားပါ
မေးစရာရှိတယ်""အွန်း...မေးလေ သည်းသည်း"
"ကိုကိုက ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ၊ အစကတော့ဖြင့် ဒီစေ့စပ်ပွဲကို ဘယ်နည်းနဲ့မှ လက်မခံနိုင်ပါဘူးဆို
ဘာတုန်း သားကိုယူပြီးမှ ကွာရှင်းခိုင်းမလို့လား၊ မကွာပေးမချင်း နှိပ်စက်မှာလား၊ သားကို ကလေးဆိုပြီး ပြောင်းဖူးလေးလို လှည့်စားလို့ရမယ်မထင်နဲ့နော် သားက လည်ပါတယ်"နှုတ်ခမ်းတဆူဆူနဲ့ သူထင်တာမြင်တာတွေ လျှောက်ပြောနေပြီး သူ့ကိုယ်သူ လူလည်ဖြစ်ပါကြောင်း အမွှမ်းတင်နေတဲ့ ဂျစ်တူးကို ဂျီဆူးအသည်းယားလှပြီ။ ဆွဲဆက်နမ်းလိုက်ပြန်ရင်လည်း ဒီတစ်ခေါက်ဆို အထိုးခံရနိုင်ချေရှိတာမို့ ကြောက်တာမဟုတ်ပေမယ့်လည်း ကြောက်ရသည်ပင်။