စနေနေ့တစ်ရက်တွင်ဖြစ်သည်။
"ကိုကို မထသေးဘူးလား၊ ရှစ်နာရီတောင်ထိုးတော့မယ်"
"ကိုကိုလို့"
"ကိုကို့"
"ဟင် ဟင် ဘယ်သူ...သည်းသည်းအစောကြီးဘယ်လိုလုပ်ပြီးဒီရောက်နေတာလဲ"
မျက်လုံးဖွင့်ဖွင့်ချင်းပြူးတူးပျာတာနဲ့ ကြောင်တောင်တောင်ဖြစ်နေတဲ့ ကိုကိုဟာ ဆော့မင်ရဲ့မျက်လုံးထဲမှာ ရယ်ချင်ဖွင်အတိဖြစ်နေ၏။
ဟုန်းဂျီဆူးတစ်ယောက် အဲ့လောက်ကြောင်သွားတာလည်းမမှားပေ။ အီဆော့မင်ဆိုတဲ့ ကလေးပေါက်စနဟာ လာနှိုးမယ့်သူသာမရှိရင် တစ်နေကုန်အိပ်နေနိုင်တဲ့ကလေးမျိုး၊ ကျောင်းသွားရမယ့်နေ့တွေဆို အီမာမားက ခုနစ်နာရီလောက်ကတည်းက ဖင်လေးပုတ်လိုက်၊ဆူလိုက်၊ချော့လိုက်နဲ့ မနည်းအာပေါက်အောင်နှိုးပေးရတာမို့ ရှစ်နာရီထိုးခါနီးတိုင်း သူ့ဆီကို အသံတဆာဆာနဲ့အချိန်မီရောက်လာတာဖြစ်သည်။ ကျောင်းပိတ်ရက်တွေဆို အီမာမားက ဒီကလေးစိတ်တိုင်းကျအိပ်ပါစေဆိုသည့်သဘောဖြင့် လွှတ်ထားပေးရာ နှိုးမယ့်သူမရှိတာမို့ ကိုးနာရီ ဆယ်နာရီလောက်မှ နိုးလာတတ်ပြီး အီအိမ်တော်နဲ့ဟုန်းအိမ်တော်နှစ်ခုကို ကူးချည်သန်းချည်အမွှေစိန်လုပ်တော့သည်။
"ဟီးဟီးး ပါပါးနဲ့မာမားက ဒီနေ့ သွားစရာရှိလို့ သားကို နှိုးပြီး ဒီဘက်ကိုပို့ထားလိုက်တာ၊ သားရောက်နေတာကြာပြီ ကိုကိုသာ အိပ်ပုတ်ကြီးနေတာ"
အိုခေပါ။ ပိတ်ရက်တိုင်း လုံးဝမထတာနဲ့ မနက်စာအပြင် နေ့လည်စာပါ အချိန်မမှန်မှာစိုးလို့ သွားသွားနှိုးပေးရတာဘယ်သူလဲမသိဘူး။
ဒီကလေးပြောတော့လည်း သူ့စကားပေါ့ကွာ။စိတ်ထဲမှာသာ ပြန်ပြောနေတာ အပြင်မှာ စကားတစ်ခွန်းမှမထွက်ရဲပေ။ ဒီကလေးကောက်သွားရင် ချော့ရမှာက သူပဲဖြစ်သည်မို့။
"အဲ့ဒါဆို ကိုကိုခဏရေချိုး အဝတ်အစားလဲလိုက်ဦးမယ်နော်။ သည်းသည်းက အောက်ထပ်မှာ မာမားတို့ဆီသွားနေနေ၊ ဟုတ်ပြီလား"
"ဟုတ် ကိုကို၊ မြန်မြန်လုပ်ခဲ့နော်။ သား မာမားကိုကူလုပ်ရင်းစောင့်နေမယ်"